တရားသူကြီးမှတ်စာ 17:6
ထိုကာလ၌ဣသရေလလူမျိုးတွင်ဘုရင် မရှိသေးချေ။ လူတိုင်းပင်မိမိ၏စိတ် သဘောအတိုင်းပြုလုပ်လေသည်။
Common Language Bible
In The King James Version
In those days there was no king in Israel, but every man did that which was right in his own eyes.
In Context
7ထိုကာလ၌ယုဒပြည်ဗက်လင်မြို့တွင် နေထိုင် သောလေဝိအမျိုးသားလူငယ်တစ်ယောက်သည်၊-
Read all of တရားသူကြီးမှတ်စာ 17
Cross References
Genesis 36:31ဣသရေလအမျိုးသားတို့တွင်ဘုရင်များ မပေါ်မရှိမီဧဒုံပြည်ကိုအုပ်စိုးသောမင်း ဆက်တို့ကိုဖော်ပြပေအံ့။ ဗောရ၏သားဗေလာသည်ဒိန္နာဗာမြို့တော်၌ အုပ်စိုး၏။ ဗေလာဘုရင်အနိစ္စရောက်သောအခါဗောဇရ မြို့သား ဇေရ၏သားယောဗပ်မင်းပြု၏။ ယောဗပ်အနိစ္စရောက်သောအခါတေမနိ မြို့သား ဟုရှံမင်းပြု၏။ ဟုရှံအနိစ္စရောက်သောအခါမောဘပြည်တွင် မိဒျန်အမျိုးသားတို့ကို စစ်တိုက်၍အောင်မြင်ခဲ့သူဗေဒဒ်၏သားဟာဒဒ် မင်းပြု၏။ ထိုမင်း၏မြို့တော်မှာအာဝိတ်မြို့ဖြစ်၏။ ဟာဒဒ်အနိစ္စရောက်သောအခါမာသရက် မြို့သား စာမလမင်းပြု၏။ စာမလအနိစ္စရောက်သောအခါမြစ်ကမ်းမြို့ ဖြစ်သော ရဟောဘုတ်မြို့သားရှောလမင်းပြု၏။ ရှောလအနိစ္စရောက်သောအခါအာခဗော် ၏သား ဗာလဟာနန်မင်းပြု၏။ ဗာလဟာနန်အနိစ္စရောက်သောအခါဟာဒါ မင်းပြု၏။ ထိုမင်း၏မြို့တော်မှာပေါမြို့ဖြစ်သည်။ (သူ၏ဇနီးမှာမာတရက်၏သမီး၊မေဇဟပ်၏ မြေးမဟေတဗေလဖြစ်၏။)
Deuteronomy 33:5ဣသရေလအနွယ်များနှင့်ခေါင်းဆောင်များ စုရုံးလျက်ရှိကြသောအခါ၊ ထာဝရဘုရားသည်သူတို့၏ဘုရင်ဖြစ် လာတော်မူ၏။
Judges 19:1ဣသရေလလူမျိုးတွင်ရှင်ဘုရင်မပေါ်မရှိ သေးမီကာလ၌ ဧဖရိမ်တောင်ကုန်းဒေသ အစွန်အဖျားတွင်နေထိုင်သောလေဝိအမျိုး သားတစ်ယောက်သည် ယုဒပြည်ဗက်လင်မြို့ သူတစ်ယောက်ကိုအပျော်မယားအဖြစ် သိမ်းယူ၏။-
Judges 21:25ထိုခေတ်အခါကဣသရေလလူမျိုးတွင် ရှင်ဘုရင်မရှိသေးချေ။ လူတိုင်းပင်မိမိ အလိုရှိသည်အတိုင်းပြုသတည်း။ တရားသူကြီးမှတ်စာပြီး၏။
Proverbs 12:15မိုက်သောသူသည် မိမိပြုသောအမှုကို မှန်သည် ဟု ထင်တတ်၏။ အကြံပေးသောစကားကို နားထောင် သော သူမူကားပညာရှိ၏။
Proverbs 16:2လူသည် မိမိကျင့်သမျှသော အကျင့်တို့ကို နှစ်သက်တတ်၏။ ထာဝရဘုရားမူကား၊ စိတ်သဘော တို့ကို ချိန်တော်မူ၏။