တရားသူကြီးမှတ်စာ 18:10
ထိုအရပ်သို့သင်တို့ရောက်ကြသောအခါ လူတို့သည် စိုးစဉ်းမျှမယုံသင်္ကာမဖြစ်ကြ သည်ကိုတွေ့ရှိရကြလိမ့်မည်။ ထိုနယ်မြေ သည်ကျယ်ပြန့်၍လူသားတို့လိုချင်တောင့် တသောအရာတို့နှင့်လည်းပြည့်စုံ၏။ ထို နယ်မြေကိုသင်တို့အားဘုရားသခင်ပေး သနားတော်မူလေပြီ'' ဟုဆိုကြ၏။
Common Language Bible
In The King James Version
In Context
Read all of တရားသူကြီးမှတ်စာ 18
Cross References
Exodus 3:8အီဂျစ်အမျိုးသားတို့လက်တွင်းမှသူတို့ အားကယ်တင်ပြီးလျှင် ထိုပြည်မှထုတ်ဆောင် လျက်မြေသြဇာထက်သန်၍ကျယ်ပြန့်သော ပြည်သို့ပို့ဆောင်ရန်ငါကြွဆင်းလာပြီ။ ထို ပြည်သည်မြေသြဇာထက်သန်၍အစာရေ စာပေါကြွယ်ဝ၏။ ထိုပြည်တွင်ခါနာန်အမျိုး သား၊ ဟိတ္တိအမျိုးသား၊ အာမောရိအမျိုးသား၊ ဖေရဇိအမျိုးသား၊ ဟိဝိအမျိုးသား၊ ယေဗုသိအမျိုးသားတို့နေထိုင်ကြ၏။-
Deuteronomy 4:1ထို့နောက်မောရှေကဣသရေလအမျိုးသား တို့အား``သင်တို့အားငါသွန်သင်သောပညတ် တို့ကိုလိုက်နာလျှင် သင်တို့သည်အသက်ရှင်၍ သင်တို့ဘိုးဘေးတို့၏ဘုရားသခင်ထာဝရ ဘုရား ပေးတော်မူမည့်ပြည်ကိုလည်းသိမ်း ပိုက်ရရှိကြလိမ့်မည်။-
Deuteronomy 8:9ထိုပြည်တွင်အစားအစာပြတ်လပ်ခြင်းမရှိရ။ အဘယ်အရာကိုမျှလိုလိမ့်မည်မဟုတ်။ ကျောက် တောင်မှသံကိုလည်းကောင်း၊ တောင်ကုန်းများမှ ကြေးနီကိုလည်းကောင်းတူးဖော်ရရှိနိုင်လိမ့် မည်။-
Joshua 2:23ထိုနောက်သူလျှိုနှစ်ဦးတို့သည်တောင်ကုန်း များပေါ်မှဆင်းပြီးလျှင်မြစ်ကိုဖြတ်ကူး၍ ယောရှုထံသို့ပြန်လာကြ၏။ သူတို့သည် ဖြစ်ပျက်ခဲ့သမျှကိုယောရှုအားပြန် ကြားပြီးလျှင်၊-
Joshua 6:16မြို့ကိုသတ္တမအကြိမ်လှည့်ပတ်နေစဉ်ယဇ် ပုရောဟိတ်များ တံပိုးခရာများကိုမှုတ်အံ့ ဆဲဆဲ၌ယောရှုသည်လူအပေါင်းတို့အား``ဟစ် အော်ကြွေးကြော်ကြလော့။ ထာဝရဘုရား သည်သင်တို့အားမြို့ကိုအပ်တော်မူပြီ။-
Judges 18:27ဒန်အမျိုးသားတို့သည်ယဇ်ပုရောဟိတ်နှင့် တကွမိက္ခာပြုလုပ်ထားသည့်ရုပ်တုများကို ယူပြီးနောက် အေးဆေးငြိမ်းချမ်းစွာနေထိုင် ကြသူတို့၏လဲရှမြို့သို့သွားရောက်တိုက် ခိုက်ကြ၏။ ထိုမြို့သည်ဗက်ရဟောဘမြို့ တည်ရှိရာချိုင့်ဝှမ်း၌ပင်တည်ရှိသည်။ သူ တို့သည်မြို့သားတို့ကိုသတ်၍မြို့ကိုလည်း မီးရှို့ပစ်ကြ၏။ သူတို့အားကယ်ဆယ်သည့် သူတစ်စုံတစ်ယောက်မျှမရှိချေ။ အဘယ် ကြောင့်ဆိုသော်လဲရှမြို့သည်ဇိဒုန်မြို့နှင့် အလွန်ခရီးလှမ်းသည့်ပြင် လဲရှမြို့သား တို့သည်အခြားလူတို့နှင့်ဆက်သွယ်မှု လုံးဝမရှိသောကြောင့်ဖြစ်၏။ ဒန်အမျိုး သားတို့သည်ထိုမြို့ကိုပြန်လည်တည် ထောင်ကာအတည်တကျနေထိုင်ကြ လေသည်။-