တရားသူကြီးမှတ်စာ 18:27
ဒန်အမျိုးသားတို့သည်ယဇ်ပုရောဟိတ်နှင့် တကွမိက္ခာပြုလုပ်ထားသည့်ရုပ်တုများကို ယူပြီးနောက် အေးဆေးငြိမ်းချမ်းစွာနေထိုင် ကြသူတို့၏လဲရှမြို့သို့သွားရောက်တိုက် ခိုက်ကြ၏။ ထိုမြို့သည်ဗက်ရဟောဘမြို့ တည်ရှိရာချိုင့်ဝှမ်း၌ပင်တည်ရှိသည်။ သူ တို့သည်မြို့သားတို့ကိုသတ်၍မြို့ကိုလည်း မီးရှို့ပစ်ကြ၏။ သူတို့အားကယ်ဆယ်သည့် သူတစ်စုံတစ်ယောက်မျှမရှိချေ။ အဘယ် ကြောင့်ဆိုသော်လဲရှမြို့သည်ဇိဒုန်မြို့နှင့် အလွန်ခရီးလှမ်းသည့်ပြင် လဲရှမြို့သား တို့သည်အခြားလူတို့နှင့်ဆက်သွယ်မှု လုံးဝမရှိသောကြောင့်ဖြစ်၏။ ဒန်အမျိုး သားတို့သည်ထိုမြို့ကိုပြန်လည်တည် ထောင်ကာအတည်တကျနေထိုင်ကြ လေသည်။-
Common Language Bible
In The King James Version
In Context
Read all of တရားသူကြီးမှတ်စာ 18
Cross References
Deuteronomy 33:22ဒန်အနွယ်ကိုရည်သန်၍ဤသို့ဖွဲဆိုလေသည်။ ``ဒန်အနွယ်သည်ခြင်္သေ့ပျိုဖြစ်၍ဗာရှန်ပြည်မှ ခုန်ပေါက်၍ထွက်လာ၏။''
Joshua 19:47ဒန်အနွယ်ဝင်တို့သည်မိမိတို့၏နယ်မြေ ဆုံးရှုံးရသောအခါလဲရှမြို့ကိုစစ်ချီ တိုက်ခိုက်၍မြို့သူမြို့သားများကိုသတ် ဖြတ်သုတ်သင်ပြီးလျှင်ထိုမြို့တွင်နေထိုင် ကြ၏။ လဲရှဟူသောမြို့နာမည်ကိုအနွယ် ၏ဖခင်ဒန်နာမည်သို့ပြောင်းလဲမှည့်ခေါ် ကြလေသည်။-
Judges 18:7ထို့ကြောင့်ထိုလူငါးယောက်တို့သည်လဲရှ မြို့သို့ထွက်သွားကြ၏။ ထိုမြို့သားတို့သည် ဇိဒုန်မြို့သားများကဲ့သို့ အေးဆေးငြိမ်းချမ်း စွာနေထိုင်ကြသူများဖြစ်ကြောင်း၊ မည်သူ နှင့်မျှအငြင်းမပွားတတ်ကြောင်း၊ သူတို့ လိုအပ်သမျှတို့ကိုလည်းရရှိကြကြောင်း၊ သူတို့သည်ဇိဒုန်မြို့သားတို့နှင့်အလွန် အလှမ်းကွာရာတွင်နေထိုင်ကြလျက် အခြားအဘယ်လူမျိုးနှင့်မျှလည်း အဆက်အသွယ်မရှိကြကြောင်းကို စူးစမ်းသိရှိကြလေသည်။-