တရားသူကြီးမှတ်စာ 18:4
သူကလည်း``ငါသည်မိက္ခာနှင့်အမှုတစ်ခု အတွက် သဘောတူထားပါသည်။ သူသည်ငါ့ အားအခပေး၍မိမိ၏ယဇ်ပုရောဟိတ် အဖြစ်ဖြင့်ငှားရမ်းထားပါသည်'' ဟုပြန် ပြော၏။
Common Language Bible
In The King James Version
And he said unto them, Thus and thus dealeth Micah with me, and hath hired me, and I am his priest.
In Context
Read all of တရားသူကြီးမှတ်စာ 18
Cross References
Judges 17:12မိက္ခာသည်သူ့အားမိမိ၏ယဇ်ပုရောဟိတ်အဖြစ် ဖြင့်ခန့်ထားသဖြင့် သူသည်မိက္ခာ၏အိမ်၌နေထိုင် လေသည်။-
Isaiah 56:11သူတို့သည်စား၍အားမရနိုင်၊ လောဘကြီး သည့်ခွေးများနှင့်တူကြ၏။ သူတို့သည်ကား အသိတရားကင်းမဲ့သည့်ခေါင်းဆောင်များ တည်း။ မိမိတို့နှစ်သက်ရာကိုကိုယ်စီကိုယ်ငှ ဆောင်ရွက်ကြလျက်ကိုယ်ကျိုးကိုသာလျှင် ရှာကြံတတ်ကြ၏။-
Hosea 4:8သင်တို့သည်ငါ၏လူမျိုးတော်အပြစ်ကူး လွန်ခြင်းကိုအကြောင်းပြု၍ကြွယ်ဝချမ်း သာလာကြ၏။ ထို့ကြောင့်သင်တို့သည်သူတို့ အပြစ်တိုး၍ကူးလွန်စေရန်အားပေးကြ သည်။-
John 10:12သူငှားသည်သိုးထိန်းမဟုတ်။ သိုးရှင်လည်းမဟုတ် သဖြင့် ဝံပုလွေလာသည်ကိုမြင်လျှင် သိုးတို့ကို စွန့်၍ထွက်ပြေးတတ်၏။ သို့ဖြစ်၍ဝံပုလွေသည် သိုးတို့ကိုကိုက်ဖမ်း၍ကစဥ့်ကရဲဖြစ်စေ တတ်၏။-
Acts 20:33ငါသည်သူတစ်ပါး၏ရွှေငွေအဝတ်အစား ကိုလိုချင်တပ်မက်ခြင်းမရှိခဲ့။-
Titus 1:11ထိုသူတို့၏နှုတ်ကိုပိတ်ရန်လိုအပ်လာပေ ပြီ။ အဘယ်ကြောင့်ဆိုသော်သူတို့သည်ငွေ ရရှိရေးရည်ရွယ်ချက်ဖြင့် မသွန်သင်သင့် သောအရာများကိုသွန်သင်ခြင်းအားဖြင့် အိမ်ထောင်စုများကိုကမောက်ကမဖြစ်စေ ကြသောကြောင့်တည်း။-