တရားသူကြီးမှတ်စာ 18:5
ထိုအခါသူတို့က``ငါတို့သည်ဤခရီးတွင် အောင်မြင်မှုရှိမည်မရှိမည်ကို ဘုရားသခင် အားကျေးဇူးပြု၍လျှောက်ထားမေးမြန်း ပေးပါ'' ဟုဆိုကြ၏။
Common Language Bible
In The King James Version
In Context
Read all of တရားသူကြီးမှတ်စာ 18
Cross References
Judges 17:13မိက္ခာကလည်း``ယခုငါသည်လေဝိအမျိုးသား တစ်ဦးအား မိမိ၏ယဇ်ပုရောဟိတ်အဖြစ်ဖြင့် ရရှိထားလေပြီ။ ထို့ကြောင့်ထာဝရဘုရား သည်အစစအရာရာ၌ ငါ့အားတိုးတက် အောင်မြင်စေတော်မူလိမ့်မည်'' ဟုဆို၏။
1 Samuel 9:9ရှောလုကလည်း``ကောင်းပြီ။ ငါတို့သွားကြစို့'' ဟုဆို၏။ သို့ဖြစ်၍သူတို့သည်သူတော်စင်နေ ထိုင်ရာမြို့သို့သွားကြ၏။ မြို့တည်ရာတောင်ကုန်း ကိုတက်၍သွားကြစဉ် သူတို့သည်လမ်းတွင်ရေ ခပ်ရန်လာသောအမျိုးသမီးကလေးအချို့နှင့် တွေ့သဖြင့်``ထိုမြို့ထဲ၌ရှေ့ဖြစ်ကိုဟောနိုင်သူ ရှိပါ၏လော'' ဟုမေးမြန်းစုံစမ်းကြ၏။ (ထိုခေတ်အခါကပရောဖက်အားရှေးဖြစ်ကို ဟောနိုင်သူဟုခေါ်ဝေါ်ကြ၏။ သို့ဖြစ်၍လူ တစ်ဦးတစ်ယောက်သည်ထာဝရဘုရားထံ လျှောက်ထားမေးမြန်းလိုသောအခါ``ရှေ့ဖြစ် ကိုဟောနိုင်သူထံသို့ငါတို့သွားကြကုန် အံ့'' ဟုဆိုလေ့ရှိသတည်း။)
2 Kings 16:15ဥရိယအား``ငါ၏ယဇ်ပလ္လင်ကြီးကိုနံနက်ချိန် မီးရှို့ရာယဇ်နှင့် ညနေချိန်ဘောဇဉ်ပူဇော်သကာ များအတွက်လည်းကောင်း၊ ဘုရင်နှင့်ပြည်သူတို့ ၏မီးရှို့ရာယဇ်နှင့်ဘောဇဉ်ပူဇော်သကာများ၊ ပြည်သူတို့၏စပျစ်ရည်ပူဇော်သကာများ အတွက်လည်းကောင်းအသုံးပြုလော့။ ထိုယဇ် ပလ္လင်ပေါ်တွင်ယဇ်ကောင်ရှိသမျှတို့၏သွေး ကိုသွန်းလောင်းလော့။ ကြေးဝါပလ္လင်မှာငါ အတိတ်နိမိတ်ဖတ်ခြင်းကိုမေးလျှောက်ရာ ဖြစ်ရမည်'' ဟုအမိန့်ပေးသည့်အတိုင်း၊-
Ezekiel 21:21ဗာဗုလုန်မင်းသည်လမ်းဆုံ၊ လမ်းဝသို့ရောက် သောအခါ ရပ်၍အဘယ်လမ်းကိုလိုက်ရမည် ကိုသိနိုင်ရန်မြားတို့ကိုလှုပ်၍မဲချ၏။ သူ ၏ရုပ်တုတို့ကိုမေးမြန်း၏။ တိရစ္ဆာန်အသည်း ကိုလည်းကြည့်၏။-
Acts 8:10သို့ဖြစ်၍အတန်းအစားအမျိုးမျိုးမှလူ အပေါင်းတို့သည်``ဤသူကားမဟာတန်ခိုး တော်ဟုခေါ်သော ဘုရား၏တန်ခိုးတော်တည်း'' ဟုဆို၍ရှိမုန်၏စကားကိုအာရုံစိုက်၍ နားထောင်ကြ၏။-