တရားသူကြီးမှတ်စာ 19:1
ဣသရေလလူမျိုးတွင်ရှင်ဘုရင်မပေါ်မရှိ သေးမီကာလ၌ ဧဖရိမ်တောင်ကုန်းဒေသ အစွန်အဖျားတွင်နေထိုင်သောလေဝိအမျိုး သားတစ်ယောက်သည် ယုဒပြည်ဗက်လင်မြို့ သူတစ်ယောက်ကိုအပျော်မယားအဖြစ် သိမ်းယူ၏။-
Common Language Bible
In The King James Version
In Context
Read all of တရားသူကြီးမှတ်စာ 19
Cross References
Genesis 25:6သို့ရာတွင်သူအသက်ရှင်စဉ်အခြားသောမယား တို့နှင့်ရသောသားတို့အားလည်း လက်ဆောင်များ ကိုပေး၍ဣဇာက်နှင့်ဝေးရာအရှေ့ပြည်သို့ပြောင်း ရွှေ့နေထိုင်စေသည်။
Joshua 24:30သူတို့သည်ဂါရှတောင်မြောက်ဘက်၊ ဧဖရိမ် တောင်ကုန်းပေါ်ရှိတိမနဿေရမြို့ရှိသူ ပိုင်သောမြေကွက်တွင်သူ့အလောင်းကိုသင်္ဂြိုဟ် ကြလေသည်။
Judges 3:27သူသည်ဧဖရိမ်တောင်ကုန်းဒေသသို့ရောက် သောအခါတိုက်ပွဲဝင်ရန်တံပိုးခရာမှုတ် လိုက်ရာဣသရေလအမျိုးသားတို့သည် သူ့နောက်သို့လိုက်၍တောင်ကုန်းများပေါ် မှဆင်းလာကြ၏။-
Judges 17:1အခါတစ်ပါးကမိက္ခာအမည်ရှိသောလူ တစ်ယောက်သည် ဧဖရိမ်တောင်ကုန်းဒေသ တွင်နေထိုင်၏။-
Judges 17:7ထိုကာလ၌ယုဒပြည်ဗက်လင်မြို့တွင် နေထိုင် သောလေဝိအမျိုးသားလူငယ်တစ်ယောက်သည်၊-
Judges 18:1ထိုကာလ၌ဣသရေလလူမျိုးတွင်ဘုရင် မရှိသေးချေ။ ဒန်အနွယ်ဝင်တို့တွင်လည်း အခြားဣသရေလအမျိုးသားများကဲ့ သို့ ကိုယ်ပိုင်နယ်မြေတစ်စုံတစ်ရာမျှမရှိ ကြသေးပေ။ သို့ဖြစ်၍မိမိတို့သိမ်းယူ၍ အတည်တကျနေထိုင်ရန်နယ်မြေကို ရှာဖွေလျက်နေကြ၏။-