The Bible Software
bible.software › တရားသူကြီးမှတ်စာ › တရားသူကြီးမှတ်စာ 2 › တရားသူကြီးမှတ်စာ 2:19

တရားသူကြီးမှတ်စာ 2:19

သို့​ရာ​တွင်​သူ​တို့​သည်​မိ​မိ​တို့​၏​ခေါင်း​ဆောင် ကွယ်​လွန်​သွား​သော​အ​ခါ​၌​မူ ဒုံ​ရင်း​သို့​ပြန် လည်​ဆိုက်​ရောက်​ကြ​လျက် ယ​ခင်​လူ​မျိုး​ဆက် မှ​လူ​တို့​ထက်​ပင်​ပို​မို​ဆိုး​ရွား​စွာ​ပြု​မူ​ကျင့် ကြံ​တတ်​ကြ​၏။ အ​ခြား​ဘု​ရား​များ​ကို​ကိုး ကွယ်​ကာ မိ​မိ​တို့​၏​ဆိုး​ညစ်​သည့်​လမ်း​စဉ်​ကို လိုက်​မြဲ​လိုက်​ကြ​ကုန်​သည်။-

Common Language Bible

In The King James Version

And it came to pass, when the judge was dead, that they returned, and corrupted themselves more than their fathers, in following other gods to serve them, and to bow down unto them; they ceased not from their own doings, nor from their stubborn way.

In Context

18ထာ​ဝ​ရ​ဘု​ရား​သည်​ဣ​သ​ရေ​လ​အ​မျိုး သား​ခေါင်း​ဆောင်​တစ်​ဦး​ကို​ပေါ်​ထွန်း​စေ​သည့် အ​ခါ​တိုင်း ထို​သူ​အ​သက်​ရှင်​သ​မျှ​ကာ​လ ပတ်​လုံး​သူ့​ကို​ကူ​မ​တော်​မူ​၍ သူ​တို့​ကို​ရန် သူ​တို့​လက်​မှ​ကယ်​ဆယ်​တော်​မူ​သည်။ သူ​တို့ သည်​ဆင်း​ရဲ​ဒုက္ခ​နှင့်​ညှင်း​ပန်း​နှိပ်​စက်​ခြင်း ကို​ခံ​ရ​၍​ညည်း​ညူ​ကြ​သော​အ​ခါ​ထာ​ဝ​ရ ဘု​ရား​သည်​သူ​တို့​အား​က​ရု​ဏာ​တော်​ကို ပြ​တော်​မူ​ပေ​သည်။-

20ထို​အ​ခါ​ထာ​ဝ​ရ​ဘု​ရား​သည်​ဣ​သ​ရေ​လ လူ​မျိုး​အား လွန်​စွာ​အ​မျက်​ထွက်​တော်​မူ​၍``ဤ လူ​မျိုး​သည်​ငါ့​စ​ကား​ကို​နား​မ​ထောင်။ စောင့် ထိန်း​ရန်​အ​တွက်​သူ​တို့​၏​ဘိုး​ဘေး​များ​အား ငါ​ပေး​အပ်​ခဲ့​သည့်​ပ​ဋိ​ညာဉ်​ကို​ချိုး​ဖောက် ကြ​၏။-

Read all of တရားသူကြီးမှတ်စာ 2

Cross References

Joshua 24:31ယော​ရှု​အ​သက်​ရှင်​နေ​သ​မျှ​ကာ​လ​ပတ်​လုံး ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည် ထာ​ဝ​ရ ဘု​ရား​ကို​ဝတ်​ပြု​ကိုး​ကွယ်​ကြ​၏။ ယော​ရှု အ​နိစ္စ​ရောက်​ပြီး​နောက်​ဣ​သ​ရေ​လ​အ​မျိုး သား​တို့​အ​တွက် ထာ​ဝ​ရ​ဘု​ရား​ပြု​တော်​မူ သ​မျှ​ကို​တွေ့​မြင်​ခဲ့​သည့်​ခေါင်း​ဆောင်​များ အ​သက်​ရှင်​နေ​သေး​သ​မျှ​ကာ​လ​ပတ်​လုံး ၌​လည်း သူ​တို့​သည်​ထာ​ဝ​ရ​ဘု​ရား​ကို ဝတ်​ပြု​ကိုး​ကွယ်​ကြ​၏။

Judges 3:11တိုင်း​ပြည်​သည်​အ​နှစ်​လေး​ဆယ်​ပတ်​လုံး ငြိမ်း​ချမ်း​သာ​ယာ​လျက်​ရှိ​၏။ ထို​နောက် သြ​သံ​ယေ​လ​ကွယ်​လွန်​လေ​သည်။

Judges 8:33ဂိ​ဒေါင်​ကွယ်​လွန်​ပြီး​နောက်​ဣ​သ​ရေ​လ​အ​မျိုး သား​တို့​သည် ဘု​ရား​သ​ခင်​အား​တစ်​ဖန်​သစ္စာ ဖောက်​ကြ​ပြန်​၏။ ဗာ​လ​ဘု​ရား​များ​ကို​ဝတ် ပြု​ကိုး​ကွယ်​ကြ​ပြန်​၏။ သူ​တို့​က​ပ​ဋိ​ညာဉ် ပြု​ထား​သည့်​ဗာ​လ​ဘု​ရား​ကို မိ​မိ​တို့​၏ ဘု​ရား​အ​ဖြစ်​ချီး​မြှောက်​ကာ၊-

1 Samuel 15:23ကိုယ်​တော်​အား​ပုန်​ကန်​ခြင်း​သည်​စုံး​အ​တတ် ကဲ့​သို့​ဆိုး​ရွား​၍ မောက်​မာ​ထောင်​လွှား​ခြင်း သည်​လည်း​ရုပ်​တု​ကို​ကိုး​ကွယ်​ခြင်း​ကဲ့​သို့ ပင်​အ​ပြစ်​ကြီး​၏။ သင်​သည်​ထာ​ဝ​ရ​ဘု​ရား ၏​အ​မိန့်​တော်​ကို​ပယ်​သော​ကြောင့် ကိုယ်​တော် သည်​သင့်​ကို​ဘု​ရင်​အ​ဖြစ်​မှ​ပယ်​တော်​မူ ပြီ'' ဟု​ဆို​၏။

Nehemiah 9:28ငြိမ်း​ချမ်း​မှု​ပြန်​လည်​ရ​ရှိ​ကြ​သော​အ​ခါ သူ​တို့​သည်​တစ်​ဖန်​အ​ပြစ်​ကူး​လွန်​ကြ​ပြန်​သ​ဖြင့် ကိုယ်​တော်​သည်​သူ​တို့​အား​ရန်​သူ​များ​၏​လက်​သို့ တစ်​ဖန်​အပ်​တော်​မူ​ပါ​၏။ သို့​ရာ​တွင်​သူ​တို့​သည်​နောင်​တ​ရ​လျက် မိ​မိ​တို့​အား​ကယ်​တော်​မူ​ရန်​အ​ထံ​တော်​သို့ တောင်း​လျှောက်​ကြ​သော​အ​ခါ ကိုယ်​တော်​သည်​ကောင်း​ကင်​ဘုံ​မှ​ကြား​တော်​မူ​ပါ​၏။ က​ရု​ဏာ​တော်​ကြီး​မား​တော်​မူ​သည့်​အ​လျောက် သူ​တို့​အား​အ​ကြိမ်​ကြိမ်​အ​ဖန်​ဖန် ကယ်​ဆယ်​တော်​မူ​ပါ​၏။

Jeremiah 3:17ထို​အ​ချိန်​ကာ​လ​ကျ​ရောက်​လာ​သော​အ​ခါ ယေ​ရု​ရှ​လင်​မြို့​သည်`ထာ​ဝ​ရ​ဘု​ရား​၏​ရာ​ဇ ပလ္လင်​တော်' ဟု​ခေါ်​ဝေါ်​သ​မုတ်​ခြင်း​ကို​ခံ​ရ လိမ့်​မည်။ လူ​မျိုး​တ​ကာ​တို့​သည်​လည်း ထို​မြို့ တွင်​စု​ရုံး​၍ ငါ​၏​နာ​မ​တော်​ကို​ဂုဏ်​ပြု​ကြ လိမ့်​မည်။ သူ​တို့​သည်​မိ​မိ​တို့​၏​ဆိုး​ညစ်​ခက် မာ​သည့်​စိတ်​အ​လို​ကို​လိုက်​၍​ပြု​ကျင့်​ကြ တော့​မည်​မ​ဟုတ်။-

This Verse In Other Editions

King James VersionBíblia Portuguesa MundialLuther Bibel (Deutsch)Bible Louis Segond (Français)Библия (Русский)新标点和合本성경 (한국어)الكتاب المقدس باللغة العربية، فان دايكBibbia Diodati (Italiano)Kinh Thánh (Tiếng Việt)Biblia Cornilescu (Română)Polish Biblia Gdanska (1881)Statenvertaling (Nederlands)

Study တရားသူကြီးမှတ်စာ 2:19

Matthew HenryJamieson-Fausset-BrownAdam ClarkeJohn WesleyJohn CalvinKeil and DelitzschScofieldFamily Bible NotesGeneva Bible Notes (1599)
← တရားသူကြီးမှတ်စာ 2:18တရားသူကြီးမှတ်စာ 2တရားသူကြီးမှတ်စာ 2:20 →