တရားသူကြီးမှတ်စာ 20:15
သူတို့သည်ထိုနေ့၌မိမိတို့မြို့များမှစစ် သားနှစ်သောင်းခြောက်ထောင်ကိုခေါ်ထုတ်ခဲ့ ကြ၏။ ထိုမှတစ်ပါးဂိဗာမြို့သားတို့သည် လက်ရွေးစင်ဘယ်သန်လူခုနစ်ရာကိုလည်း စုရုံးပေးကြ၏။ ထိုလက်ရွေးစင်တို့သည် ဆံချည်တစ်ပင်ကိုလောက်လွှဲနှင့်မလွဲ အောင်ပစ်နိုင်သူများဖြစ်ကြ၏။-
Common Language Bible
In The King James Version
In Context
14သူတို့အားတိုက်ခိုက်ရန်ဗင်္ယာမိန်မြို့အပေါင်း မှထွက်လာ၍ဂိဗာမြို့၌စုရုံးကြ၏။-
Read all of တရားသူကြီးမှတ်စာ 20
Cross References
Judges 20:22ထိုအခါဣသရေလအမျိုးသားတို့သည်ကိုး ကွယ်ဝတ်ပြုရာဌာနတော်သို့သွား၍ ထာဝရ ဘုရား၏ရှေ့တော်၌ညနေချမ်းအချိန်တိုင် အောင်ငိုကြွေးကြ၏။ သူတို့ကကိုယ်တော် အား``အကျွန်ုပ်တို့၏ညီဖြစ်သောဗင်္ယာမိန် အမျိုးသားတို့အား တစ်ဖန်စစ်တိုက်ရပါ မည်လော'' ဟုမေးလျှောက်ကြပြန်၏။ ထာဝရဘုရားက``တိုက်လော့'' ဟုမိန့်တော်မူ၏။ သို့ဖြစ်၍ဣသရေလတပ်မတော်သည်အား တက်၍လာပြီးလျှင် တပ်သားများအားယမန် နေ့ကအတိုင်းနေရာယူစေပြန်၏။-
Judges 20:35ထာဝရဘုရားသည်ဣသရေလအမျိုးသား တို့အား ဗင်္ယာမိန်တပ်အပေါ်တွင်အောင်ပွဲခံစေ တော်မူ၏။ ထိုနေ့၌ဣသရေလအမျိုးသား တို့သည်ရန်သူနှစ်သောင်းငါးထောင်တစ်ရာ ကိုလုပ်ကြံသတ်ဖြတ်လိုက်ကြ၏။-