တရားသူကြီးမှတ်စာ 20:22
ထိုအခါဣသရေလအမျိုးသားတို့သည်ကိုး ကွယ်ဝတ်ပြုရာဌာနတော်သို့သွား၍ ထာဝရ ဘုရား၏ရှေ့တော်၌ညနေချမ်းအချိန်တိုင် အောင်ငိုကြွေးကြ၏။ သူတို့ကကိုယ်တော် အား``အကျွန်ုပ်တို့၏ညီဖြစ်သောဗင်္ယာမိန် အမျိုးသားတို့အား တစ်ဖန်စစ်တိုက်ရပါ မည်လော'' ဟုမေးလျှောက်ကြပြန်၏။ ထာဝရဘုရားက``တိုက်လော့'' ဟုမိန့်တော်မူ၏။ သို့ဖြစ်၍ဣသရေလတပ်မတော်သည်အား တက်၍လာပြီးလျှင် တပ်သားများအားယမန် နေ့ကအတိုင်းနေရာယူစေပြန်၏။-
Common Language Bible
In The King James Version
In Context
Read all of တရားသူကြီးမှတ်စာ 20
Cross References
Judges 20:17ဗင်္ယာမိန်အနွယ်ဝင်များမပါဘဲလက်နက် ကိုင်ဣသရေလအမျိုးသား စစ်သားဦးရေ မှာလေးသိန်းမျှရှိသတည်း။
2 Samuel 11:25မင်းကြီးကစေတမန်အား``စစ်ပွဲတွင်မည်သူ မည်ဝါကျဆုံးမည်ကိုအဘယ်အခါ၌မျှ မပြောနိုင်။ သို့ဖြစ်၍ယွာဘအားစိတ်မပျက် ရန်အားပေးစကားပြောကြားလော့။ မြို့ကို ပိုမိုပြင်းထန်စွာတိုက်စစ်ဆင်၍သိမ်းယူရန် ကိုလည်းပြောလော့''ဟုမှာတော်မူလိုက်၏။