တရားသူကြီးမှတ်စာ 21:10
မိဇပါမြို့၌စုဝေးသောသူအပေါင်းတို့ က၊ မိမိတို့တွင်ရဲစွမ်းသတ္တိအရှိဆုံးလူ တစ်သောင်းနှစ်ထောင်အား``သင်တို့သွား၍ အမျိုးသမီးများနှင့်ကလေးများအပါ အဝင်ယာဗတ်မြို့သားအပေါင်းတို့အား သုတ်သင်ပစ်ကြလော့။ ယောကျာ်းနှင့်အပျို စင်မဟုတ်သောအမျိုးသမီးမှန်သမျှ ကိုသတ်ဖြတ်ပစ်ကြရမည်'' ဟုအမိန့် ပေးစေလွှတ်လိုက်လေသည်။-
Common Language Bible
In The King James Version
In Context
Read all of တရားသူကြီးမှတ်စာ 21
Cross References
Deuteronomy 13:15ထိုမြို့သူမြို့သားအားလုံးနှင့်သူတို့၏သိုး နွားတိရစ္ဆာန်ရှိသမျှတို့ကို သတ်ဖြတ်သုတ် သင်ပစ်ရမည်။ သူတို့နေထိုင်ရာမြို့ကိုလည်း လုံးဝဖျက်ဆီးပစ်ရမည်။-
Judges 5:23ထာဝရဘုရား၏ကောင်းကင်တမန်က ``မေရောဇမြို့ကိုကျိန်ဆဲကြလော့။ ထိုမြို့သားတို့အားကျိန်ဆဲကြလော့။ သူတို့သည်ထာဝရဘုရား၏ဘက်မှ ကူညီရန်မလာကြ။ ထာဝရဘုရားအတွက်တိုက်ခိုက်ရန် စစ်သည်တော်များမလာကြ'' ဟုမြွက်ဆို၏။
1 Samuel 11:7နွားနှစ်ကောင်ကိုယူ၍အပိုင်းပိုင်းခုတ်ဖြတ် လျက် စေတမန်တို့အားဣသရေလပြည် တစ်လျှောက်လုံးသို့ယူဆောင်သွားစေပြီး လျှင်``စစ်ပွဲဝင်ရန်ရှောလုနှင့်ရှမွေလတို့ နောက်သို့မလိုက်သူမှန်သမျှ၏နွားများ သည် ဤနည်းအတိုင်းခုတ်ဖြတ်ခြင်းကို ခံရကြလိမ့်မည်'' ဟုသတိပေးစေ၏။ ဣသရေလအမျိုးသားတို့သည်ထာဝရ ဘုရားကိုကြောက်သဖြင့် တညီတညွတ် တည်းထွက်လာကြ၏။-