တရားသူကြီးမှတ်စာ 21:22
အကယ်၍သူတို့၏ဖခင်များသို့မဟုတ် မောင်များကလာရောက်ကန့်ကွက်လျှင် သင် တို့သည်သူတို့အား`ထိုအမျိုးသမီးတို့ကို ငါတို့အားသိမ်းပိုက်ခွင့်ပြုပါ။ အဘယ်ကြောင့် ဆိုသော်ငါတို့သည်သင်တို့အားတိုက်ခိုက်၍ သူတို့ကိုသိမ်းယူခြင်းမဟုတ်သောကြောင့် ဖြစ်ပါသည်။ ထိုမှတစ်ပါးသူတို့ကိုငါတို့ အားပေးစားသူမှာသင်တို့မဟုတ်သဖြင့် သင်တို့သည်မိမိတို့၏ကတိသစ္စာကိုချိုး ဖောက်ရာမရောက်ပါ' ဟုပြန်ပြောကြ လော့'' ဟူ၍မှာထားကြ၏။
Common Language Bible
In The King James Version
In Context
Read all of တရားသူကြီးမှတ်စာ 21
Cross References
Genesis 7:13ထိုနေ့၌ပင်နောဧနှင့်သူ၏မယား၊ သားသုံး ယောက်ဖြစ်ကြသောရှေမ၊ ဟာမ၊ ယာဖက်နှင့် သူတို့၏မယားတို့သည်သင်္ဘောထဲသို့ဝင်ကြ၏။-
Judges 21:7ကျန်ရှိနေသေးသောဗင်္ယာမိန်အမျိုးသား တို့အတွက်မယားများရရှိနိုင်ရန် ငါတို့ အဘယ်သို့ပြုကြရပါမည်နည်း။ ငါတို့ သမီးများကိုသူတို့နှင့်ထိမ်းမြားခြင်းမပြု ဟုထာဝရဘုရားကိုတိုင်တည်၍ငါတို့ သစ္စာဆိုပြီးလေပြီ'' ဟုဆိုကြ၏။
Judges 21:18သို့ရာတွင်ငါတို့သည်မိမိတို့၏သမီးများ နှင့်သူတို့အားထိမ်းမြားစုံဖက်ခွင့်လည်းမ ပြုနိုင်။ အဘယ်ကြောင့်ဆိုသော်ယင်းသို့စုံဖက် ရန်ခွင့်ပြုသူသည် ငါတို့၏ကျိန်စာသင့်မည် ဖြစ်သောကြောင့်တည်း'' ဟုဆွေးနွေးတိုင်ပင် ကြလေသည်။
Mark 10:6လောကကိုဖန်ဆင်းတော်မူစကပင်ဘုရား သခင်သည် ယောကျာ်းနှင့်မိန်းမကိုဖန်ဆင်းတော် မူ၏။-