တရားသူကြီးမှတ်စာ 4:3
ရာဘိန်မင်းထံတွင်သံရထားကိုးရာရှိ၏။ သူ သည်ဣသရေလအမျိုးသားတို့အားအနှစ် နှစ်ဆယ်တိုင်တိုင် အကြမ်းဖက်၍ရက်စက်စွာ အုပ်စိုးလေသည်။ ထိုအခါဣသရေလအမျိုး သားတို့သည် ထာဝရဘုရားထံတော်သို့ ကူမတော်မူရန်ဟစ်အော်ကြကုန်၏။
Common Language Bible
In The King James Version
In Context
Read all of တရားသူကြီးမှတ်စာ 4
Cross References
Exodus 2:23ကာလအတန်ကြာသော် အီဂျစ်ပြည်ဘုရင် အနိစ္စရောက်လေ၏။ သို့ရာတွင်ဣသရေလ အမျိုးသားတို့သည် ကျွန်ခံရသောဒဏ်ကြောင့် ညည်းညူလျက်ရှိရကြသေး၏။ ကျွန်ခံရ သောဘဝမှလွတ်မြောက်ရေးအတွက် သူတို့ အော်ဟစ်တောင်းလျှောက်သောအသံသည် ဘုရားသခင်ထံတော်သို့ရောက်လေ၏။-
Deuteronomy 28:33သင်တို့ပင်ပန်းကြီးစွာစိုက်ပျိုးရသော အသီးအနှံအားလုံးကို အခြားတစ်နိုင်ငံ သားတို့ကသိမ်းယူလိမ့်မည်။ သင်တို့သည် ညှဉ်းဆဲနှိပ်စက်ခြင်းကိုအမြဲခံရရုံမှ တစ်ပါး မည်သည့်အကျိုးအမြတ်ကိုမျှ ခံစားရလိမ့်မည်မဟုတ်။-
Joshua 17:16ထိုအခါသူတို့က``တောင်ကုန်းဒေသသည် အကျွန်ုပ်တို့နေထိုင်ရန်အတွက်ကျဉ်းမြောင်း ပါသည်။ ဗက်ရှန်နှင့်ပတ်ဝန်းကျင်မြို့များ အနီးရှိမြေပြန့်၌လည်းကောင်း၊ ယေဇရေ လချိုင့်ဝှမ်း၌လည်းကောင်းနေထိုင်သော ခါနာန်အမျိုးသားများတွင်သံစစ်ရထား များရှိကြပါသည်'' ဟုလျှောက်ဆိုကြ၏။
Judges 3:9ထိုနောက်ဣသရေလအမျိုးသားတို့သည် ထာဝရဘုရားထံတော်သို့ဟစ်အော်ကြ သောအခါ ကိုယ်တော်သည်သူတို့အားကယ် ဆယ်ရန်လူတစ်ယောက်ကိုစေလွှတ်တော်မူ၏။ ထိုသူမှာကာလက်၏ညီကေနတ်၏သား သြသံယေလပင်တည်း။-
Judges 5:8ထိုနောက်ဣသရေလအမျိုးသားတို့သည် ဘုရားသစ်များကိုရွေးယူကြသောအခါ၊ တိုင်းပြည်တွင်စစ်ဖြစ်လေ၏။ ဣသရေလနိုင်ငံတွင်လူပေါင်းလေးသောင်း ရှိသည့် အနက်ဒိုင်းလွှားတစ်ခုသို့မဟုတ်၊ လှံတစ်ချောင်းကိုကိုင်ဆောင်သူရှိပါ၏လော။
Judges 10:10ထိုအခါသူတို့သည် ထာဝရဘုရားထံ တော်သို့ဟစ်အော်ကာ``အကျွန်ုပ်တို့သည် ကိုယ်တော်အားပြစ်မှားမိကြပါပြီ။ အကျွန်ုပ် တို့၏ဘုရားသခင်ကိုစွန့်ပယ်ကာ ဗာလ ဘုရားများကိုဝတ်ပြုမိကြပါပြီ'' ဟု လျှောက်ထားကြ၏။