တရားသူကြီးမှတ်စာ 5:12
ရှေ့ဆောင်ပါလော့။ အို ဒေဗောရရှေ့ဆောင်ပါလော့။ ရှေ့ဆောင်ပါလော့။ သီချင်းဆိုပါလော့။ ရှေ့ဆောင်ပါလော့။ အဘိနောင်၏သားဗာရက်ရှေ့သို့ချီတက်ပါလော့။ သင်၏သုံ့ပန်းတို့ကိုထုတ်ဆောင်သွားပါလော့။
Common Language Bible
In The King James Version
In Context
Read all of တရားသူကြီးမှတ်စာ 5
Cross References
Psalms 57:8အို ငါ့ဝိညာဉ်၊နိုးထလော့။ ငါ၏စောင်းကြီးစောင်းငယ်တို့၊နိုးထကြလော့။ ငါသည်လည်းနေကိုနိုးထစေမည်။
Psalms 68:18ကိုယ်တော်သည်သုံ့ပန်းများကိုခေါ်ဆောင်၍ မြင့်သောအရပ်သို့တက်ကြွတော်မူ၏။ ကိုယ်တော်သည်ပုန်ကန်သူတို့၏ထံမှ လက်ဆောင်ပဏ္ဏာများကိုခံယူတော်မူ၏။ ထာဝရအရှင်ဘုရားသခင်သည်ထိုအရပ် တွင် ကိန်းဝပ်တော်မူမည်။
Psalms 108:2ငါ၏စောင်းကြီးစောင်းငယ်တို့၊နိုးထကြလော့။ ငါသည်နေကိုနိုးထစေမည်။
Isaiah 33:1ငါတို့၏ရန်သူများသည်အမင်္ဂလာရှိကြ ၏။ မိမိတို့အားအဘယ်သူမျှတိုက်ခိုက်လု ယက်မှုကိုမပြု၊ သစ္စာလည်းမဖောက်ကြသော် လည်းသူတို့ကလုယက်တိုက်ခိုက်ကာသစ္စာ ဖောက်ကြ၏။ သို့ရာတွင်သူတို့လုယက်တိုက် ခိုက်၍သစ္စာဖောက်ရန်အချိန်ကာလကုန်ဆုံး ချိန်ကျရောက်လာလိမ့်မည်။ ထိုအခါသူတို့ သည်လုယက်တိုက်ခိုက်ခြင်းနှင့်သစ္စာဖောက် ခြင်းကိုခံရကြလိမ့်မည်။
Isaiah 51:9အို ထာဝရဘုရား၊နိုးထတော်မူ၍ ကျွန်တော်မျိုးတို့အားကူမတော်မူပါ။ ကိုယ်တော်ရှင်၏အစွမ်းတန်ခိုးတော်အားဖြင့် ကျွန်တော်မျိုးတို့အားကယ်တော်မူပါ။ နိုးထတော်မူ၍ရှေးပဝေသဏီကာလ၌ ကဲ့သို့ပင် တန်ခိုးတော်ကိုအသုံးပြုတော်မူပါ။ ပင်လယ်နဂါးကြီးရာခပ်အား အပိုင်းပိုင်းဖြတ်တော်မူသောသူကား ကိုယ်တော်ရှင်ပင်ဖြစ်ပါ၏။
Isaiah 52:1ဇိအုန်မြို့၊သင်သည်တစ်ဖန်ပြန်လည်ကြံ့ခိုင် ခမ်းနားကြီးကျယ်၍လာလော့။ အို ဘုရားသခင်၏သန့်ရှင်းမြင့်မြတ်သည့်မြို့တော်၊ သင်၏ကိုယ်ကိုဘုန်းအသရေနှင့်လွှမ်းခြုံပါလော့။ တိုင်းတစ်ပါးသားတို့သည် နောက်တစ်ဖန်အဘယ်အခါ၌မျှသင်၏ တံခါးထဲ၌ဝင်ရကြတော့မည်မဟုတ်။