တရားသူကြီးမှတ်စာ 5:2
ဣသရေလအမျိုးသားတို့သည်တိုက်ပွဲဝင်ရန် သန္နိဋ္ဌာန်ချမှတ်ကြ၏။ ပြည်သူတို့ကလည်းစေတနာအလျောက် ဝမ်းမြောက်စွာပါဝင်ဆင်နွှဲကြ၏။ သို့ဖြစ်၍ထာဝရဘုရား၏ဂုဏ်တော်ကို ချီးမွမ်းကြလော့။
Common Language Bible
In The King James Version
Praise ye the LORD for the avenging of Israel, when the people willingly offered themselves.
In Context
1ထိုနေ့၌ဒေဗောရနှင့်အဘိနောင်၏သား ဗာရက်တို့သည် အောက်ပါသီချင်းကိုသီဆို ကြလေသည်။
Read all of တရားသူကြီးမှတ်စာ 5
Cross References
Deuteronomy 33:21သူတို့သည်အကောင်းဆုံးနယ်မြေကိုရွေးယူ ကြ၏။ ခေါင်းဆောင်အနေဖြင့်ရထိုက်သောနယ်မြေကို သူတို့အားခွဲဝေပေးကြ၏။ ဣသရေလအမျိုးသားခေါင်းဆောင်တို့စုရုံး လာကြသောအခါ၊ သူတို့သည်ထာဝရဘုရား၏အမိန့်တော်နှင့် ပညတ်တော်များကိုလိုက်နာကြ၏။''
2 Samuel 22:47ထာဝရဘုရားသည်အသက်ရှင်တော်မူ၏။ ငါ့အားကွယ်ကာတော်မူသောအရှင်ကို ထောမနာပြုကြလော့။ တန်ခိုးကြီး၍ငါ့ကိုကယ်တင်တော်မူသော ဘုရားသခင်သည်ကြီးမြတ်တော်မူကြောင်း ကြွေးကြော်ကြလော့။
Nehemiah 11:2ယေရုရှလင်မြို့တွင်မိမိတို့အလိုအလျောက် နေထိုင်သူတို့အားပြည်သူတို့ကချီးကူး ကြ၏။-
Psalms 48:11ဇိအုန်မြို့သူမြို့သားတို့သည်ဝမ်းမြောက် ကြပါစေ။ ကိုယ်တော်သည်ဖြောင့်မှန်စွာတရားစီရင် တော်မူပါ၏။ ယုဒပြည်မြို့ကြီးများတွင်ရွှင်လန်းမှုရှိ ပါစေ။
Psalms 97:8အို ထာဝရဘုရား၊ ကိုယ်တော်ရှင်၏တရားစီရင်တော်မူချက် များကြောင့် ဇိအုန်မြို့သူမြို့သားတို့သည်ရွှင်လန်း ဝမ်းမြောက်ကြပါ၏။ ယုဒမြို့တို့သည်လည်းအားရရွှင်မြူးကြပါ၏။
Psalms 110:3ရန်သူတို့အားအရှင်မင်းကြီးတိုက်ခိုက် တော်မူသောနေ့၌ အရှင်၏ပြည်သားတို့သည်အလိုအလျောက် ကိုယ်တော်နှင့်လိုက်ပါချီတက်ကြပါလိမ့်မည်။ နံနက်ချိန်၌ကျသည့်ဆီးနှင်းကဲ့သို့သန်စွမ်း သော လူငယ်လူရွယ်အမြောက်အမြားသည် အရှင်မင်းကြီးရှိရာသန့်ရှင်းမြင့်မြတ်သည့် တောင်ပေါ်သို့ရောက်ရှိကြပါလိမ့်မည်။