တရားသူကြီးမှတ်စာ 5:9
ငါ၏စိတ်နှလုံးသည်ဣသရေလစစ်သူကြီး များ ထံသို့လည်းကောင်း၊ စေတနာစိတ်နှင့်စစ်ပွဲဝင်ကြသည့်ပြည်သူ များ ထံသို့လည်းကောင်းနူးညွတ်လျက်ရှိပါ၏။ ထို့ကြောင့်ထာဝရဘုရား၏ဂုဏ်တော်ကို ချီးမွမ်းကြလော့။
Common Language Bible
In The King James Version
In Context
Read all of တရားသူကြီးမှတ်စာ 5
Cross References
Judges 5:2ဣသရေလအမျိုးသားတို့သည်တိုက်ပွဲဝင်ရန် သန္နိဋ္ဌာန်ချမှတ်ကြ၏။ ပြည်သူတို့ကလည်းစေတနာအလျောက် ဝမ်းမြောက်စွာပါဝင်ဆင်နွှဲကြ၏။ သို့ဖြစ်၍ထာဝရဘုရား၏ဂုဏ်တော်ကို ချီးမွမ်းကြလော့။
2 Chronicles 17:16တတိယတပ်မှူးကားဇိခရိ၏သားအာမသိ ဖြစ်၍စစ်သည်နှစ်သိန်းကိုအုပ်ချုပ်ရလေသည်။ (အာမသိသည်မိမိစေတနာအလျောက် ထာဝရဘုရား၏အမှုတော်ကိုထမ်းဆောင် သူဖြစ်သည်။-)
Psalms 103:2အို ငါ့ဝိညာဉ်၊ထာဝရဘုရားအားထောမနာ ပြုလော့။ ကျေးဇူးတော်အပေါင်းကိုမမေ့မလျော့နှင့်။
2 Corinthians 8:3ထိုအသင်းတော်တို့သည်တတ်နိုင်သမျှ မိမိ တို့တွင်စွမ်းအားရှိသမျှထက်ပို၍ အလို အလျောက်ပေးလှူကြကြောင်းကိုသင်တို့ အားငါသက်သေခံနိုင်၏။ သူတို့သည်ယုဒ ပြည်ရှိဘုရားသခင်၏လူစုတော်အား ကူညီမစမှုတွင်ပါဝင်လိုကြ၏။ သို့ ဖြစ်၍ထိုသို့ပါဝင်ခွင့်ပြုရန် မိမိတို့ အလိုအလျောက်ငါတို့အားတောင်းပန် ကြ၏။-
2 Corinthians 8:17တိတုသည်ငါတို့၏မေတ္တာရပ်ခံချက်ကို လက်ခံသည်သာမက၊ ကူညီရန်စေတနာ စိတ်ရှိသဖြင့်သင်တို့ထံသို့သွားရန် မိမိ အလိုအလျောက်စိတ်ပိုင်းဖြတ်ခဲ့ပေသည်။-