တရားသူကြီးမှတ်စာ 6:10
ငါသည်သင်တို့၏ဘုရားသခင်ထာဝရဘုရား ဖြစ်ကြောင်းကိုမိန့်ကြား၍ ယခုသင်တို့နေထိုင်ရာ ပြည်ရှိအာမောရိအမျိုးသားတို့ကိုးကွယ်သည့် ဘုရားများကိုမကိုးကွယ်ကြရန်သင်တို့အား ပညတ်ခဲ့၏။ သို့သော်လည်းသင်တို့သည်ငါ့စကား ကိုနားမထောင်ကြ'' ဟုမိန့်တော်မူ၏။
Common Language Bible
In The King James Version
In Context
Read all of တရားသူကြီးမှတ်စာ 6
Cross References
Exodus 20:3``ငါမှလွဲ၍ အခြားသောဘုရားကိုမကိုး ကွယ်ရ။
Exodus 34:14``ငါထာဝရဘုရားသည်ပြိုင်ဖက်ကိုလက် မခံသောဘုရားဖြစ်သောကြောင့် သင်တို့သည် အခြားသောဘုရားကိုမကိုးကွယ်ရ။-
2 Kings 17:13ထာဝရဘုရားသည်မိမိ၏စေတမန်များ နှင့်ပရောဖက်တို့ကိုစေလွှတ်၍ ဣသရေလ အမျိုးသားများနှင့်ယုဒအမျိုးသားများ ကိုသတိပေးတော်မူ၏။ ကိုယ်တော်က``သင်တို့ သည်မိမိတို့၏ဆိုးညစ်သောအကျင့်တို့ကို ရှောင်ရှားကြလော့။ သင်တို့ဘိုးဘေးများနှင့် ငါ၏အစေခံပရောဖက်များမှတစ်ဆင့် သင်တို့အား၊ ငါပေးအပ်သည့်ပညတ်တော် တွင်ပါရှိသောငါ၏အမိန့်တော်ကိုနာခံ ကြလော့'' ဟုမိန့်တော်မူ၏။-
2 Kings 17:35ထာဝရဘုရားသည်သူတို့နှင့်ပဋိညာဉ်ဖွဲ့ တော်မူ၍``သင်တို့သည်အခြားဘုရားများ ကိုဝတ်မပြုရှိမခိုးကြနှင့်။ သူတို့ရှေ့တွင် ဦးမညွှတ်ကြနှင့်။ သူတို့အားဝတ်ပြုကိုးကွယ် မှုကိုသော်လည်းကောင်း၊ ယဇ်ပူဇော်မှုကို သော်လည်းကောင်းမပြုကြနှင့်၊-
2 Kings 17:38သင်တို့နှင့်ငါပြုသည့်ပဋိညာဉ်တော်ကို မမေ့မလျော့ရ။-
Proverbs 5:13ငါ့ဆရာတို့၏ စကားကိုနားမထောင်ဘဲ၊ ငါ့အား သွန်သင်သော သူတို့၏စကားကို နားမခံဘဲနေလေပြီ တကား။