တရားသူကြီးမှတ်စာ 6:12
ထိုအခါထာဝရဘုရား၏ကောင်းကင်တမန် သည်သူ၏ရှေ့၌ပေါ်လာ၍သူ့အား``ခွန်အား ကြီးသောအချင်းသူရဲ၊ ထာဝရဘုရားသည် သင်နှင့်အတူရှိတော်မူပြီ'' ဟုဆိုလေသည်။
Common Language Bible
In The King James Version
In Context
Read all of တရားသူကြီးမှတ်စာ 6
Cross References
Deuteronomy 20:1``သင်တို့သည်ရန်သူကိုချီတက်တိုက်ခိုက် ရာ၌ သင်တို့ထက်အင်အားကြီးမားသော ရထားတပ်၊ မြင်းတပ်နှင့်ခြေလျင်တပ်တို့ နှင့်ရင်ဆိုင်ရသောအခါမကြောက်ကြနှင့်။ သင်တို့ကိုအီဂျစ်ပြည်မှကယ်တင်ခဲ့သော ဘုရားသခင်ထာဝရဘုရားသည်သင် တို့နှင့်အတူရှိတော်မူလိမ့်မည်။-
Joshua 1:9သို့ဖြစ်၍ငါမိန့်မှာသည့်အတိုင်းရဲရင့်ခြင်း ရှိလော့။ ကြောက်ရွံ့ခြင်းမရှိနှင့်။ စိတ်မပျက်နှင့်။ သင်၏ဘုရားသခင်ငါထာဝရဘုရားသည် သင်သွားလေရာရာ၌သင်နှင့်အတူရှိတော် မူ၏'' ဟုမိန့်တော်မူ၏။
Judges 11:1သူရဲကောင်းတစ်ဦးဖြစ်သူယေဖသသည် ပြည့်တန်ဆာမတစ်ယောက်၏သားဖြစ်၏။ သူ၏ဖခင်ဂိလဒ်၌၊-
Ruth 2:4အချိန်အနည်းငယ်ကြာသောအခါ ဗောဇ ကိုယ်တိုင်ပင်ဗက်လင်မြို့မှရောက်ရှိလာလျက် မိမိ၏အလုပ်သမားများအား``ထာဝရ ဘုရားသည်သင်တို့နှင့်အတူရှိတော်မူ ပါစေသော'' ဟုဆို၍နှုတ်ဆက်၏။ ကောက်ရိတ်သမားများက``ထာဝရဘုရား သည် အရှင့်အားကောင်းချီးပေးတော်မူပါစေ သော'' ဟုပြန်ပြောကြ၏။
Matthew 28:20သင်တို့အားငါပေးသမျှသောပညတ်တို့ကို စောင့်ထိန်းကြစေရန်သူတို့အားသွန်သင်ကြလော့။ ငါသည်ကပ်ကမ္ဘာကုန်ဆုံးချိန်တိုင်အောင်သင်တို့ နှင့်အတူအစဉ်မပြတ်ရှိတော်မူမည်'' ဟု မိန့်တော်မူ၏။ ရှင်မဿဲခရစ်ဝင်ပြီး၏။
Luke 1:28သူ၏နာမည်မှာမာရိဖြစ်၏။ ကောင်းကင်တမန် သည်မာရိထံသို့လာ၍ ``ထူးကဲသောကျေးဇူး တော်ကိုခံစားရသည့်အမျိုးသမီး၊ သင်သည် မင်္ဂလာရှိစေသတည်း။ ထာဝရဘုရားသည် သင်နှင့်အတူရှိတော်မူသည်'' ဟုဆို၏။