တရားသူကြီးမှတ်စာ 6:3
ကောက်ပဲသီးနှံများကိုဣသရေလအမျိုးသား တို့စိုက်ပျိုးသည့်အခါတိုင်း မိဒျန်အမျိုးသား တို့သည်အာမလက်အမျိုးသားနှင့် သဲကန္တာရ တွင်နေထိုင်သောလူမျိုးများနှင့်အတူလာ၍ တိုက်ခိုက်တတ်ကြ၏။-
Common Language Bible
In The King James Version
In Context
Read all of တရားသူကြီးမှတ်စာ 6
Cross References
Genesis 25:6သို့ရာတွင်သူအသက်ရှင်စဉ်အခြားသောမယား တို့နှင့်ရသောသားတို့အားလည်း လက်ဆောင်များ ကိုပေး၍ဣဇာက်နှင့်ဝေးရာအရှေ့ပြည်သို့ပြောင်း ရွှေ့နေထိုင်စေသည်။
Exodus 17:8အာမလက်အမျိုးသားတို့သည် ရေဖိဒိမ် အရပ်သို့လာရောက်၍ ဣသရေလအမျိုး သားတို့ကိုတိုက်ခိုက်ကြ၏။-
Deuteronomy 28:30``သင်နှင့်လက်ထပ်ရန်စေ့စပ်ထားသောမိန်းမ ကို အခြားသူတစ်ယောက်ကမယားအဖြစ် ပေါင်းသင်းလိမ့်မည်။ သင်သည်အိမ်ကိုဆောက် သော်လည်းထိုအိမ်တွင်မနေရ။ စပျစ်ဥယျာဉ် ကိုစိုက်သော်လည်းအသီးကိုမစားရ။-
Deuteronomy 28:51သူတို့သည်သင်တို့၏အစားအစာဖြစ် သောသိုးနွားများနှင့် အသီးအနှံများကို စားသုံးကြသဖြင့်သင်တို့သည်အစာငတ် ၍သေကြေပျက်စီးကြလိမ့်မည်။ သင်တို့၏ စပါး၊ စပျစ်ရည်၊ သံလွင်ဆီ၊ သိုးနွားတို့ ကိုအကုန်စားသုံးလိုက်ကြသဖြင့် သင် တို့အစာငတ်၍သေရကြလိမ့်မည်။-
Judges 6:33ထိုအခါမိဒျန်အမျိုးသားများ၊ အာမလက် အမျိုးသားများ၊ သဲကန္တာရနေလူမျိုးအပေါင်း တို့သည်စုဝေး၍ယော်ဒန်မြစ်ကိုဖြတ်ပြီးလျှင် ယေဇရေလချိုင့်တွင်စခန်းချကြ၏။-
Judges 8:10ဇေဘဟနှင့်ဇာလမုန္နတို့သည် မိမိတို့၏တပ်မ တော်နှင့်အတူ ကာကော်မြို့၌ရှိကြ၏။ သဲကန္တာရ နေသူတို့၏တပ်မတော်ကြီးတစ်ခုလုံးအနက် လူတစ်သိန်းနှစ်သောင်းကျဆုံး၍တစ်သောင်း ငါးထောင်သာကျန်တော့၏။-