တရားသူကြီးမှတ်စာ 6:35
မနာရှေနယ်မြေနှစ်ရပ်စလုံးသို့လည်းစေ တမန်များကိုလွှတ်၍ မနာရှေအမျိုးသား တို့အားမိမိနောက်သို့လိုက်ကြရန်လှုံ့ဆော်၏။ သူသည်အာရှာ၊ ဇာဗုလုန်နှင့်နဿလိအနွယ် တို့ထံသို့လည်းစေတမန်များကိုလွှတ်လိုက် သဖြင့် ထိုသူတို့သည်လည်းသူ၏ထံသို့လာ ရောက်ကြကုန်၏။
Common Language Bible
In The King James Version
In Context
Read all of တရားသူကြီးမှတ်စာ 6
Cross References
Judges 4:6တစ်နေ့သ၌သူသည်နဿလိနယ်မြေ၊ ကေ ဒေရှမြို့မှအဘိနောင်၏သားဗာရက်ကို ခေါ်ပြီးလျှင်``ဣသရေလအမျိုးသားတို့ဘုရားသခင်ထာဝရဘုရားက`သင်သည်နဿလိ အနွယ်နှင့် ဇာဗုလုန်အနွယ်မှလူပေါင်းတစ် သောင်းကိုခေါ်ယူကာတာဗော်တောင်သို့ သွားရမည်။-
2 Chronicles 30:6မင်းကြီးနှင့်မှူးမတ်များ၏အမိန့်အရ စေတမန်တို့သည် ဖိတ်စာများယူဆောင် လျက်ယုဒပြည်နှင့်ဣသရေလပြည် တစ်လျှောက်လုံးသို့သွားရောက်ကြ၏။ ဖိတ်စာတွင်``အို ဣသရေလအမျိုးသားတို့၊ သင်တို့သည်အာရှုရိမင်း၏လက်မှလွတ် မြောက်၍မသေဘဲကျန်ခဲ့ကြလေပြီ။ အာဗြဟံ၊ ဣဇာက်နှင့်ယာကုပ်တို့၏ဘုရားသခင်ထာဝရဘုရားထံတော်သို့ပြန်လာ ကြလော့။ ကိုယ်တော်သည်လည်းသင်တို့ထံ သို့ပြန်လည်ကြွလာတော်မူလိမ့်မည်။