The Bible Software
bible.software › တရားသူကြီးမှတ်စာ › တရားသူကြီးမှတ်စာ 7 › တရားသူကြီးမှတ်စာ 7:2

တရားသူကြီးမှတ်စာ 7:2

ထာ​ဝ​ရ​ဘု​ရား​က​ဂိ​ဒေါင်​အား``သင်​နှင့် အ​တူ​ပါ​လာ​သော​လူ​တို့​သည်​အ​ရေ​အ​တွက် အား​ဖြင့်​များ​လွန်း​သ​ဖြင့် သူ​တို့​အား​မိ​ဒျန် အ​မျိုး​သား​တို့​အ​ပေါ်​အောင်​မြင်​ခွင့်​ကို​ငါ မ​ပေး​လို။ အ​ကယ်​၍​ပေး​ခဲ့​သော်​သူ​တို့​သည် မိ​မိ​တို့​၏​စွမ်း​ရည်​ဖြင့်​အောင်​ပွဲ​ရ​သည်​ဟု ထင်​မှတ်​ကာ​ငါ့​ကျေး​ဇူး​ကို​မ​သိ​ဘဲ​နေ ကြ​လိမ့်​မည်။-

Common Language Bible

In The King James Version

And the LORD said unto Gideon, The people that are with thee are too many for me to give the Midianites into their hands, lest Israel vaunt themselves against me, saying, Mine own hand hath saved me.

In Context

1တစ်​နေ့​သ​၌​ဂိဒေါင်​နှင့်​တ​ကွ​သူ​နှင့်​ပါ​လာ သော​လူ​အ​ပေါင်း​တို့​သည်​နံ​နက်​စော​စော​ထ ၍ ဟာ​ရုတ်​စမ်း​အ​နီး​၌​တပ်​ချ​ကြ​၏။ မိ​ဒျန် အ​မျိုး​သား​တို့​၏​တပ်​စ​ခန်း​သည်​သူ​တို့ ၏​မြောက်​ဘက်​မော​ရ​တောင်​ကုန်း​အ​နီး​ရှိ ချိုင့်​ထဲ​၌​ရှိ​သ​တည်း။

3သို့​ဖြစ်​၍`ကြောက်​လန့်​သူ​မှန်​သ​မျှ​မိ​မိ​တို့ အိမ်​သို့​ပြန်​ကြ​ပါ။ ငါ​တို့​မူ​ကား​ဤ​ဂိ​လဒ် တောင်​တွင်​နေ​ရစ်​မည်' ဟု​လူ​တို့​အား​ကြေ​ညာ လော့'' ဟု​မိန့်​တော်​မူ​၏။ ထို​အ​ခါ​လူ​ပေါင်း နှစ်​သောင်း​နှစ်​ထောင်​တို့​သည်​ပြန်​သွား​ကြ​၏။ လူ​တစ်​သောင်း​မူ​ကား​နေ​ရစ်​ကြ​လေ​သည်။

Read all of တရားသူကြီးမှတ်စာ 7

Cross References

Numbers 31:4စစ်​ချီ​တက်​တိုက်​ခိုက်​ရန်​ဣ​သ​ရေ​လ​အ​နွယ် များ​မှ တစ်​နွယ်​လျှင်​လူ​တစ်​ထောင်​ကျ​စေ လွှတ်​လော့'' ဟု​ဆို​၏။

Deuteronomy 32:27သို့​ရာ​တွင်​သူ​တို့​၏​ရန်​သူ​များ​သည်​မိ​မိ တို့​၏ အ​စွမ်း​ကြောင့် ငါ​၏​လူ​မျိုး​တော်​ကို​အောင်​မြင်​သည်​ဟူ​၍ ဝါ​ကြွား​ခွင့်​ကို​ငါ​ပေး​မည်​မ​ဟုတ်။'

2 Chronicles 14:11မိ​မိ​၏​ဘု​ရား​သ​ခင်​ထာ​ဝရ​ဘု​ရား​အား``အို ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်​သည်​အင်​အား​ကြီး မား​သော​တပ်​ကို​ကူ​မ​တော်​မူ​နိုင်​သည့်​နည်း တူ အင်​အား​နည်း​သော​တပ်​ကို​လည်း​ကူ​မ​တော် မူ​နိုင်​ပါ​၏။ အို အ​ကျွန်ုပ်​တို့​၏​ဘု​ရား​သ​ခင် ထာ​ဝရ​ဘု​ရား၊ အ​ကျွန်ုပ်​တို့​သည်​ကိုယ်​တော်​ကို အား​ကိုး​လျက်​နာ​မ​တော်​ကို​အ​မှီ​ပြု​၍ ဤ ကြီး​မား​လှ​သော​တပ်​မ​တော်​ကို​တိုက်​ခိုက် ရန်​ထွက်​ခဲ့​ကြ​ပါ​ပြီ။ အို ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်​သည်​အ​ကျွန်ုပ်​တို့​၏​ဘု​ရား​သ​ခင် ဖြစ်​တော်​မူ​ပါ​၏။ ကိုယ်​တော်​အား​အ​ဘယ် သူ​မျှ​မ​နှိမ်​နင်း​နိုင်​ပါ'' ဟု​ပတ္ထနာ​ပြု​တော် မူ​၏။

Isaiah 2:17လူ​တို့​၏​မာန်​စွယ်​သည်​ကျိုး​၍​မောက်​မာ​ထောင် လွှား​မှု​များ​သည်​ပျက်​သုဉ်း​ရ​လိမ့်​မည်။ ထို ကာ​လ​ကျ​ရောက်​သော​အ​ခါ​ထာ​ဝ​ရ​ဘု​ရား တစ်​ပါး​တည်း​သာ​လျှင် ချီး​မြှောက်​ခြင်း​ကို ခံ​တော်​မူ​ရ​လိမ့်​မည်။-

Jeremiah 9:23ထာ​ဝ​ရ​ဘု​ရား​က၊ ``ပ​ညာ​ရှိ​သည်​မိ​မိ​ဉာဏ်​ပ​ညာ​ရှိ​မှု၊ ခွန်​အား​ကြီး​မား​သူ​သည်​မိ​မိ​ခွန်​အား​ကြီး မား​မှု၊ ချမ်း​သာ​ကြွယ်​ဝ​သူ​သည်​မိ​မိ​ချမ်း​သာ ကြွယ်​ဝ​မှု​၌ မ​ဝါ​မ​ကြွား​အပ်။

Ezekiel 28:17သင်​သည်​မိ​မိ​၏​အ​ဆင်း​ကြောင့်​ဂုဏ်​ယူ​ဝါ ကြွား​ကာ မိ​မိ​၏​ဂုဏ်​သ​တင်း​ကြောင့်​လူ​မိုက် ကဲ့​သို့​ပြု​၏။ သို့​ဖြစ်​၍​ငါ​သည်​သင့်​ကို​မြေ တိုင်​အောင်​နှိမ့်​ချ​၍ အ​ခြား​ဘု​ရင်​များ​အား သ​တိ​ပေး​သည့်​စံ​န​မူ​နာ​ဖြစ်​စေ​မည်။-

This Verse In Other Editions

King James VersionBíblia Portuguesa MundialLuther Bibel (Deutsch)Bible Louis Segond (Français)Библия (Русский)新标点和合本성경 (한국어)الكتاب المقدس باللغة العربية، فان دايكBibbia Diodati (Italiano)Kinh Thánh (Tiếng Việt)Biblia Cornilescu (Română)Polish Biblia Gdanska (1881)Statenvertaling (Nederlands)

Study တရားသူကြီးမှတ်စာ 7:2

Matthew HenryJamieson-Fausset-BrownAdam ClarkeJohn WesleyJohn CalvinKeil and DelitzschScofieldFamily Bible NotesGeneva Bible Notes (1599)
← တရားသူကြီးမှတ်စာ 7:1တရားသူကြီးမှတ်စာ 7တရားသူကြီးမှတ်စာ 7:3 →