တရားသူကြီးမှတ်စာ 7:25
သူတို့သည်မိဒျန်ဗိုလ်ချုပ်နှစ်ဦးဖြစ်သော သြရဘနှင့်ဇေဘတို့ကိုလက်ရဖမ်းမိသ ဖြင့် သြရဘအားသြရဘကျောက်၌လည်း ကောင်း၊ ဇေဘကိုဇေဘစပျစ်သီးနယ်ရာ အရပ်၌လည်းကောင်းကွပ်မျက်လိုက်ကြ လေသည်။ သူတို့သည်မိဒျန်အမျိုးသား တို့နောက်သို့ဆက်လက်လိုက်လံကြပြီး နောက် သြရဘနှင့်ဇေဘတို့၏ဦးခေါင်း ကိုယော်ဒန်မြစ်အရှေ့ဘက်ကမ်းသို့ရောက် ရှိနေသောဂိဒေါင်၏ထံသို့ယူဆောင်ခဲ့ ကြ၏။
Common Language Bible
In The King James Version
In Context
Read all of တရားသူကြီးမှတ်စာ 7
Cross References
Judges 8:3သင်တို့သည်ဘုရားသခင်၏တန်ခိုးတော် အားဖြင့် မိဒျန်ဗိုလ်ချုပ်နှစ်ဦးဖြစ်သော သြရဘနှင့်ဇေဘတို့အားကွပ်မျက်နိုင်ခဲ့ ကြလေပြီတကား။ ထိုအမှုနှင့်နှိုင်းယှဉ် လောက်အောင်ငါသည်အဘယ်အမှုကိုပြု နိုင်ခဲ့ပါသနည်း'' ဟုပြန်ပြောသောစကား ကိုကြားလျှင်သူတို့သည်အမျက်ပြေ ကြ၏။
Psalms 83:11သြရဘမင်းနှင့်ဇေဘမင်းတို့ကို ကိုယ်တော်ရှင် ပြုသကဲ့သို့ သူတို့၏ခေါင်းဆောင်များအားပြုတော်မူပါ။ ဇေဘမင်းနှင့်ဇာလမုန္နမင်းတို့အားအရေးရှုံးနိမ့် စေတော်မူသကဲ့သို့ သူတို့၏မင်းရှိသမျှအားလည်းအရေးရှုံးနိမ့် စေတော်မူပါ။
Isaiah 10:26အနန္တတန်ခိုးရှင်ငါထာဝရဘုရားသည် သြရဘကျောက်အနီးတွင် မိဒျန်အမျိုးသား တို့အားငါ၏နှင်တံနှင့်ရိုက်ဆုံးမခဲ့သည် နည်းတူသူတို့ကိုလည်းရိုက်ဆုံးမမည်။ ငါ သည်အီဂျစ်အမျိုးသားတို့အားဆင်းရဲ ဒုက္ခရောက်စေခဲ့သည့်နည်းတူ သူတို့ကို လည်းဆင်းရဲဒုက္ခရောက်စေမည်။-