တရားသူကြီးမှတ်စာ 8:1
ထိုနောက်ဧဖရိမ်နယ်သားတို့ကဂိဒေါင် အား``သင်သည်မိဒျန်အမျိုးသားတို့ထံသွား ရောက်တိုက်ခိုက်စဉ်အခါက အဘယ်ကြောင့် ငါတို့အားမခေါ်ဘဲနေပါသနည်း။ အဘယ် ကြောင့်ဤသို့ငါတို့အားပြုပါသနည်း'' ဟု ပြင်းပြင်းထန်ထန်အပြစ်တင်ကြ၏။
Common Language Bible
In The King James Version
In Context
Read all of တရားသူကြီးမှတ်စာ 8
Cross References
2 Samuel 19:41ထိုအခါဣသရေလအမျိုးသားအပေါင်းတို့ သည် မင်းကြီးထံလာ၍``အကျွန်ုပ်တို့၏ညီ အစ်ကိုများဖြစ်ကြသောယုဒပြည်သား တို့သည်အရှင်နှင့်တကွအရှင့်မိသားစု၊ အရှင့်လူတို့ကိုယော်ဒန်မြစ်တစ်ဘက်သို့ ပို့ဆောင်ခွင့်ရှိသည်ဟုအဘယ်ကြောင့်ထင် မှတ်ကြပါသနည်း'' ဟုလျှောက်ထားကြ၏။
Job 5:2ဒေါသသည် လူမိုက်ကိုဖျက်ဆီးတတ်၏။ ပညာမရှိသော သူသည်လည်းငြူစူသောသဘောအားဖြင့် သေခြင်းသို့ ရောက်တတ်၏။
Ecclesiastes 4:4တဖန် ကြိုးစားအားထုတ်ခြင်းအမှုနှင့်၊ ကောင်း မွန်စွာ ပြီးစီးသောအမှု အလုံးစုံတို့ကို၎င်း၊ ထိုသို့သော အမှုတို့ကြောင့် သူတပါး ငြူစူကြောင်းကို၎င်း ငါဆင်ခြင် ၏။ ထိုအမှုအရာသည် အနတ္တအမှု၊ လေကို ကျက်စား သောအမှုဖြစ်၏။
James 4:5ကျမ်းစာတော်က``ငါတို့အထဲသို့ဘုရားသခင် ပေးသွင်းတော်မူသောဝိညာဉ်သည်ကြောက်မက် ဖွယ်ကောင်းသည့်အလိုဆန္ဒများနှင့်ပြည့်ဝ၏'' ဟုအကြောင်းမဲ့ဖော်ပြသည်ဟုမထင်ကြနှင့်။-