တရားသူကြီးမှတ်စာ 9:49
သို့ဖြစ်၍လူတိုင်းပင်သစ်ကိုင်းတစ်ခုစီကို ခုတ်၍ အဘိမလက်၏နောက်ကလိုက်ပြီးလျှင် ခိုင်ခံ့သောအခန်းကိုမီးပုံရှို့ကြ၏။ ရဲတိုက် ထဲမှလူအပေါင်းတို့သည်သေကြကုန်၏။ ဤသူတို့၏အရေအတွက်မှာယောကျာ်း မိန်းမတစ်ထောင်ခန့်ရှိသတည်း။
Common Language Bible
In The King James Version
In Context
Read all of တရားသူကြီးမှတ်စာ 9
Cross References
Judges 9:15ဆူးချုံကလည်း`အကယ်၍သင်တို့သည်ငါ့ အားအမှန်ပင် မိမိတို့အပေါ်၌မင်းလုပ် အုပ်စိုးစေလိုပါမူငါ၏အရိပ်တွင်ဝင် ရောက်ခိုလှုံ၍နေကြလော့။ ယင်းသို့ခိုလှုံခြင်း မပြုဘဲနေခဲ့သော်ငါ၏အခက်အလက် များအကြားမှမီးထွက်၍ လေဗနုန်အာရစ် ပင်တို့ကိုလောင်ကျွမ်းသွားစေလိမ့်မည်' ဟု ပြန်ပြောလေသည်။
Galatians 5:15သို့သော်သားရဲတိရစ္ဆာန်အချင်းချင်းကိုက်သတ် ကြသကဲ့သို့ သင်တို့ပြုကြပါလျှင် အချင်း ချင်းဖျက်ဆီးရာရောက်မည်ဖြစ်ကြောင်းသတိ ပြုကြလော့။