ယေရမိမြည်တမ်းစကား 1:10
ရန်သူများသည်သူ၏ဥစ္စာဘဏ္ဍာရှိသမျှကို တိုက်ခိုက်လုယူကြ၏။ သူသည်လူမျိုးခြားတို့အားထာဝရဘုရား ပိတ်ပင်တားမြစ်ထားရာဖြစ်သည့် ဗိမာန်တော်သို့ပင်လျှင် ထိုသူတို့ဝင်ရောက်ကြသည်ကိုတွေ့မြင်ရ၏။
Common Language Bible
In The King James Version
In Context
Read all of ယေရမိမြည်တမ်းစကား 1
Cross References
Deuteronomy 23:4သင်တို့အီဂျစ်ပြည်မှထွက်လာကြစဉ်သူ တို့သည် သင်တို့လိုအပ်သောရိက္ခာနှင့်ရေ ကိုမပေးကြ။ မက်ဆိုပိုတေးမီးယားပြည်၊ ပေသော်မြို့သား၊ ဗောရ၏သားဗာလမ်ကို ငှား၍သင်တို့အားကျိန်ဆဲစေကြ၏။-
Nehemiah 13:1ထိုနေ့၌မောရှေ၏ပညတ်ကျမ်းကိုလူများ ရှေ့မှာဖတ်ရွတ်ကြရာ``အမ္မုန်အမျိုးသားနှင့် မောဘအမျိုးသားတို့အားဘုရားသခင် ၏လူမျိုးတော်ထဲတွင်အဘယ်အခါ၌မျှ ပါဝင်ခွင့်မပြုရ'' ဟူသောကျမ်းပိုဒ်သို့ ရောက်ရှိလာလေသည်။-
Psalms 79:1အို ဘုရားသခင်၊ ပြည်တော်ထဲသို့ဘုရားမဲ့သူတို့ချဉ်းနင်း ဝင်ရောက်ကြပါပြီ။ သူတို့သည်ကိုယ်တော်ရှင်၏သန့်ရှင်းမြင့်မြတ်သည့် ဗိမာန်တော်ကိုညစ်ညမ်းစေကြပါပြီ။ ယေရုရှလင်မြို့ကိုလည်းဖြိုဖျက်လိုက်ကြ ပါပြီ။
Isaiah 63:18ကိုယ်တော်ရှင်၏လူမျိုးတော်ဖြစ်သောကျွန် တော်မျိုးတို့ကိုရန်သူတို့သည်အခိုက် အတန့်အားဖြင့်နှင်ထုတ်လျက်သူတို့သည် ဗိမာန်တော်ကိုနင်းချေကြပါပြီ။-
Jeremiah 15:13ထာဝရဘုရားကငါ့အား``ငါသည်တစ် ပြည်လုံးတွင်ငါ၏လူမျိုးတော်ကူးလွန် သည့်အပြစ်များအတွက်ဒဏ်ခတ်မည်။ သူ တို့၏စည်းစိမ်ဥစ္စာရွှေငွေ၊ ရတနာများ ကိုသိမ်းယူရန်ရန်သူများကိုစေလွှတ်မည်။-
Jeremiah 27:19(ဗာဗုလုန်ဘုရင်နေဗုခဒ်နေဇာမင်းသည် ယောယကိမ်၏သားယုဒဘုရင်ယေခေါနိ အားလည်းကောင်း၊ ယုဒပြည်နှင့်ယေရုရှလင် မြို့မှဦးစီးခေါင်းဆောင်များအားလည်းကောင်း၊ ယေရုရှလင်မြို့မှဗာဗုလုန်မြို့သို့ခေါ်ဆောင် သွားစဉ်အခါကချန်ထားခဲ့သည့်ကြေးဝါ တိုင်ကြီးများ၊ ကြေးဝါရေကန်များနှင့်အောက် ခံခုံများ၊ အခြားဗိမာန်တော်ဘဏ္ဍာအချို့ တို့ကိုချန်ထားခဲ့လေသည်။