ယေရမိမြည်တမ်းစကား 1:11
သူ၏မြို့သူမြို့သားတို့သည်အစားအစာ ရှာဖွေလျက် နေစဉ်ညည်းတွားကြ၏။ သူတို့သည်အသက်ဆက်လက်ရှင်နိုင်ရေးအတွက် မိမိတို့ဥစ္စာဘဏ္ဍာများကိုအစားအစာနှင့် လဲလှယ်ရကြ၏။ ထိုမြို့က``အို ထာဝရဘုရားကျွန်တော်မျိုးကို ကြည့်ရှုတော်မူပါ။ ကျွန်တော်မျိုးစိတ်ဆင်းရဲခြင်းခံနေရသည်ကို ကြည့်ရှုတော်မူပါ'' ဟုအော်ဟစ်တောင်းပန်၏။
Common Language Bible
In The King James Version
In Context
Read all of ယေရမိမြည်တမ်းစကား 1
Cross References
Deuteronomy 28:52သူတို့သည်သင်တို့၏ဘုရားသခင်ထာဝရ ဘုရား ပေးသနားတော်မူမည့်ပြည်တွင်မြို့ ရှိသမျှကိုတိုက်ခိုက်သဖြင့် သင်တို့လုံခြုံ ပြီဟုစိတ်ချရသောမြင့်မားခိုင်ခံ့သည့် မြို့ရိုးတို့သည်ပြိုကျကုန်လိမ့်မည်။
2 Kings 6:25မြည်းခေါင်းတစ်လုံးကိုငွေသားရှစ်ဆယ်ဖြင့် လည်းကောင်း၊ ခိုချေး အစိတ်သားကိုငွေသားငါးခုဖြင့်လည်းကောင်း ဝယ်ယူရသည့်တိုင်အောင်ထိုမြို့တွင်အစာ ခေါင်းပါး၏။
Psalms 25:15ကယ်မတော်မူရန်ငါသည်ထာဝရဘုရားအား အခါခပ်သိမ်းမျှော်ကြည့်၏။ ကိုယ်တော်သည်လည်းငါ့အားဘေးအန္တရာယ်မှ ကယ်ဆယ်တော်မူ၏။
Jeremiah 19:9ရန်သူတို့သည်မြို့ကိုဝိုင်းရံတိုက်ခိုက်ကာ သူ တို့အားသတ်ဖြတ်ရန်ကြိုးစားကြလိမ့်မည်။ သူတို့သည်အချင်းချင်းတစ်ယောက်ကိုတစ် ယောက်စားကြလိမ့်မည်။ မိမိတို့သားသမီး များကိုပင်စားကြလိမ့်မည်'' ဟုဆင့်ဆို ပြောကြားရန်ငါ့အားမိန့်တော်မူ၏။
Jeremiah 52:6ထိုနှစ်စတုတ္ထလ၊ ကိုးရက်နေ့၌အစာငတ် မွတ်ခေါင်းပါးမှုသည်အလွန်ဆိုးရွား၍ လာသဖြင့် လူတို့တွင်အစာရေစာ အလျှင်းမရှိကြတော့ပေ။-
Lamentations 1:19``ငါသည်မိမိမဟာမိတ်များထံတွင်အကူအညီ တောင်းခံပါသော်လည်းသူတို့ကငြင်းဆန်ခဲ့ကြ၏။ ယဇ်ပုရောဟိတ်များနှင့်ခေါင်းဆောင်များသည် အသက်ဆက်လက်ရှင်သန်နိုင်ရေးအတွက် အစားအစာရှာဖွေလျက်နေစဉ်လမ်းများပေါ်၌ သေဆုံးရကြပါ၏။''