ယေရမိမြည်တမ်းစကား 1:12
သူသည်အနီးအနားမှဖြတ်သန်းသွားလာသူ အပေါင်းတို့အားအော်ပြောသည်မှာ ``ငါ့ကိုကြည့်ကြပါ။ ငါခံရသောဝေဒနာ မျိုးကို အဘယ်သူမျှမခံရဘူးပါ။ ဤကဲ့သို့သောဝေဒနာမျိုးရှိဖူးပါသလော။ ထိုဝေဒနာသည်ထာဝရဘုရား အမျက်တော်ထွက်၍ငါ့အားခံစားစေသည့် ဝေဒနာဖြစ်ပါ၏။''
Common Language Bible
In The King James Version
In Context
Read all of ယေရမိမြည်တမ်းစကား 1
Cross References
Jeremiah 10:19ယေရုရှလင်မြို့သားတို့က``ငါတို့သည် ပြင်းပြစွာ ဝေဒနာခံရကြပါပြီ။ ငါတို့၏အနာများသည်ပျောက်လိမ့်မည် မဟုတ်ပါ။ သို့ရာတွင်ဝေဒနာကိုခံနိုင်လိမ့်မည်ဟု ငါတို့ထင်မှတ်ခဲ့ကြပါသည်တကား။
Lamentations 2:13အို ယေရုရှလင်မြို့၊ ငါချစ်မြတ်နိုးသောမြို့၊ အဘယ်သို့ပြောဆိုရပါမည်နည်း။ အဘယ်သို့နှစ်သိမ့်မှုကိုပေးရပါမည်နည်း။ အဘယ်သူမျှဤကဲ့သို့ဒုက္ခမရောက်ခဲ့ဘူးပါ။ သင်၏ဘေးအန္တရာယ်သည်သမုဒ္ဒရာသဖွယ် အတိုင်းမသိကျယ်ဝန်းပါ၏။ မျှော်လင့်စရာမရှိနိုင်ပါ။
Daniel 9:12ကိုယ်တော်သည်မိမိမိန့်တော်မူခဲ့သည် အတိုင်း အကျွန်ုပ်တို့နှင့်အကျွန်ုပ်တို့ကို အုပ်စိုးသူတို့အား အပြစ်ဒဏ်ပေးတော် မူပါပြီ။ ယေရုရှလင်မြို့အားကမ္ဘာပေါ် ရှိအခြားမြို့များထက်ပို၍ ပြင်းထန်စွာ အပြစ်ပေးတော်မူပါ၏။-
Luke 21:22အဘယ်ကြောင့်ဆိုသော်ထိုနေ့ရက်ကာလသည် အပြစ်ဒဏ်စီရင်ရာနေ့ရက်ကာလဖြစ်သော ကြောင့်တည်း။ ကျမ်းစာတော်တွင်ဖော်ပြခဲ့သည့် အမှုအရာများဖြစ်ပျက်ရာကာလပင်ဖြစ်၏။-