ယေရမိမြည်တမ်းစကား 1:16
``ထို့ကြောင့်ငါ၏မျက်စိများမှမျက်ရည်တို့သည် ယိုစီး၍နေပေသည်။ ငါ့အားအဘယ်သူမျှနှစ်သိမ့်မှုကိုမပေးနိုင်။ အဘယ်သူမျှစိတ်အားတက်ကြွလာအောင် မပြုနိုင်။ ရန်သူများသည်ငါတို့ကိုအနိုင်ရကြလေပြီ။ ငါ၏လူတို့တွင်လည်းအဘယ်ဥစ္စာပစ္စည်းမျှ မကျန်မရှိတော့ပါ။''
Common Language Bible
In The King James Version
In Context
Read all of ယေရမိမြည်တမ်းစကား 1
Cross References
Psalms 106:42သူတို့သည်ရန်သူများ၏ဖိစီးနှိပ်စက်မှုကို ခံရကြကာလက်အောက်ခံများဖြစ်လာရ ကြ၏။
Ecclesiastes 4:1တဖန်တုံ၊ နေအောက်မှာ ပြုသမျှသော ညှဉ်းဆဲ ခြင်းတို့ကို ငါထပ်၍ဆင်ခြင်၏။ ညှဉ်းဆဲခြင်းကို ခံရသော သူတို့သည် ငိုကြွေးသော်လည်း၊ ချမ်းသာပေးနိုင်သော သူမရှိ။ ညှဉ်းဆဲတတ်သော သူတို့သည် တန်ခိုးရှိသဖြင့် ချမ်းသာပေးနိုင်သောသူမရှိ။
Jeremiah 9:1ငါသည်အသတ်ခံကြသော မိမိအမျိုးသားများအတွက်နေ့ရောညဥ့်ပါ ငိုကြွေးနိုင်ရန်ငါ၏မျက်စိများသည် မျက်ရည်စမ်းကဲ့သို့လည်းကောင်း၊ ငါ၏ဦးခေါင်းသည်လည်းရေတွင်းကဲ့သို့ လည်းကောင်း ဖြစ်စေချင်စမ်းပါဘိ။
Jeremiah 9:21သေမင်းသည်ငါတို့၏ပြူတင်းပေါက်အားဖြင့် ငါတို့ဘုံဗိမာန်များသို့ဝင်ရောက်လာလေပြီ။ သူသည်လမ်းများပေါ်ရှိကလေးသူငယ် တို့နှင့်၊ စျေးရပ်ကွက်များရှိလူငယ်လူရွယ်တို့ကို သတ်ဖြတ်လေပြီ။
Jeremiah 14:17ငါ၏ကြေကွဲမှုကိုပြည်သူတို့အားဤသို့ ပြောပြရန်ငါ့အားထာဝရဘုရားအမိန့် ပေးတော်မူ၏။ ``ငါ၏မျက်စိများသည်နေ့ညဥ့်မပြတ် မျက်ရည်ထွက်လျက်နေပါစေသော။ ငါ့အမျိုးသားတို့သည်ပြင်းစွာ ဒဏ်ရာရလျက် များစွာနာကျင်လျက်ရှိသဖြင့်၊ငါသည်အဘယ် အခါ၌မျှအငိုမတိတ်နိုင်ဘဲရှိပါစေသော။
Lamentations 1:2သူသည်တစ်ညဥ့်လုံးငိုကြွေးလျက်နေ၏။ မျက်ရည်များသည်သူ၏ပါးပြင်ပေါ်သို့ စီးဆင်းလာ၏။ သူ၏ယခင်ကမိတ်ဆွေအပေါင်းတို့တွင်သူ့အား နှစ်သိမ့်မှုပေးမည့်သူတစ်စုံတစ်ယောက်မျှ မရှိတော့ပေ။ သူ၏မဟာမိတ်တို့သည်သူ့အားသစ္စာဖောက် ကြလေပြီ။ ယခုအခါသူတို့ကပင်သူ့ကိုရန်ဘက်ပြု၍ နေကြ၏။