ယေရမိမြည်တမ်းစကား 1:18
``သို့ရာတွင်ထာဝရဘုရားသည် တရားမျှတတော်မူပါသည်။ အဘယ်ကြောင့်ဆိုသော်ငါသည်ကိုယ်တော်၏ အမိန့်တော်ကိုလွန်ဆန်ခဲ့သောကြောင့်တည်း။ အရပ်တကာရှိလူတို့ငါပြောဆိုသည်ကို နားထောင်ကြလော့။ ငါ၏ဝေဒနာကိုကြည့်ရှုကြလော့။ ငါ၏သားပျိုသမီးပျိုတို့သည်သုံ့ပန်း အဖြစ် ခေါ်ဆောင်ခြင်းကိုခံရကြလေပြီ။''
Common Language Bible
In The King James Version
In Context
Read all of ယေရမိမြည်တမ်းစကား 1
Cross References
Deuteronomy 28:32သင်၏မျက်မှောက်တွင်သင်၏သားသမီး များကို လူမျိုးခြားသားတို့ကကျွန် အဖြစ်ဖမ်းဆီးခေါ်ဆောင်သွားကြလိမ့် မည်။ နေ့စဉ်သင်သည်သားသမီးများ ပြန်ရောက်လာနိုးနိုးဖြင့်မျှော်သော်လည်း မျက်စိညောင်းရုံသာရှိမည်။-
Deuteronomy 32:4``ထာဝရဘုရားသည်သင်တို့ကိုကာကွယ် တော်မူသော အရှင်ဖြစ်တော်မူ၏။ အမှုတော်ခပ်သိမ်းတို့သည်စုံလင်၍ တရားမျှတပေ၏။ သင်တို့၏ဘုရားသခင်သည်သစ္စာတည်သောဘုရား၊ ဖြောင့်မတ်မှန်ကန်သောဘုရားဖြစ်တော်မူ၏။
1 Samuel 12:14သင်တို့သည်သင်တို့၏ဘုရားသခင်ထာဝရ ဘုရားကိုကြောက်ရွံ့ရိုသေစွာဝတ်ပြုကိုးကွယ် လျက် အမိန့်တော်များကိုမလွန်ဆန်ဘဲစကား တော်ကိုလိုက်နာ၍ သင်တို့၏ဘုရင်နှင့်အတူ ကိုယ်တော်၏ကျေးဇူးသစ္စာတော်ကိုစောင့်ထိန်း ကြလျှင်သင်တို့၏ဘဝသာယာလိမ့်မည်။-
1 Kings 9:8ဤဗိမာန်တော်သည်လည်းယိုယွင်းပျက်စီး သည့်အဆောက်အအုံဖြစ်လာလိမ့်မည်။ ယင်း ၏အနီးမှဖြတ်သန်းသွားလာသူအပေါင်း တို့သည်အံ့အားသင့်လျက်`ထာဝရဘုရားသည် အဘယ်ကြောင့်ဤပြည်နှင့် ဤဗိမာန်တော်ကို ဤသို့ပြုတော်မူပါသနည်း' ဟုမေးမြန်း ကြလိမ့်မည်။-
Ezra 9:13အကျွန်ုပ်တို့သည်မိမိတို့အပြစ်ဒုစရိုက် များအတွက် ဤမျှအပြစ်ဒဏ်ခံကြရပြီး သော်လည်း၊ အို အကျွန်ုပ်တို့၏ဘုရားသခင်၊ ကိုယ်တော်သည်အကျွန်ုပ်တို့အားခံထိုက်သည် ထက်ပင်လျှော့၍အပြစ်ပေးတော်မူကာ အသက်မသေဘဲကျန်ရှိစေတော်မူပြီ။-
Nehemiah 9:26``သို့ရာတွင်ကိုယ်တော်၏လူမျိုးတော်သည် ပုန်ကန်ကာကိုယ်တော်၏စကားကို နားမထောင်ကြပါ။ သူတို့သည်ကိုယ်တော်၏ပညတ်တရားတော်ကို ပစ်ပယ်ကြပါ၏။ မိမိတို့အားသတိပေးသူ၊ မိမိတို့အား ကိုယ်တော်ထံပြန်လာရန် ပြောကြားသူပရောဖက်များအား သတ်ဖြတ်ကြပါ၏။ သူတို့သည်ကိုယ်တော်အားအကြိမ်ကြိမ် စော်ကားကြပါ၏။