The Bible Software
bible.software › ယေရမိမြည်တမ်းစကား › ယေရမိမြည်တမ်းစကား 1 › ယေရမိမြည်တမ်းစကား 1:6

ယေရမိမြည်တမ်းစကား 1:6

ယေ​ရု​ရှ​လင်​မြို့​၏​ကြီး​ကျယ်​ခမ်း​နား​မှု​သည် ရှေး​အ​တိတ်​ကာ​လ​၏​ဖြစ်​ရပ်​တစ်​ခု​သာ​လျှင် ဖြစ်​လေ​တော့​၏။ သူ​၏​ခေါင်း​ဆောင်​များ​သည်​မု​ဆိုး​တို့​၏​ဘေး​မှ ထွက်​ပြေး​ကြ​သည့်​သ​မင်​များ​နှင့်​တူ​၏။ သူ​တို့​သည်​အား​အင်​ကုန်​ခန်း​လု​မ​တတ်​ဖြစ်​ကာ နား​နေ​စား​သောက်​မှု​ပြု​ရန်​စား​ကျက်​ကို​မ​ရှာ​နိုင်။

Common Language Bible

In The King James Version

And from the daughter of Zion all her beauty is departed: her princes are become like harts that find no pasture, and they are gone without strength before the pursuer.

In Context

5သူ​၏​ရန်​သူ​များ​သည်​သူ့​ကို​အ​နိုင်​ရ​ကာ​မိ​မိ​တို့ အာ​ဏာ​စက်​အောက်​တွင်​ထား​ရှိ​ကြ​၏။ သူ​သည်​မြောက်​များ​စွာ​သော​အ​ပြစ်​တို့​ကို ကူး​ခဲ့​သည်​ဖြစ်​၍ ထာ​ဝ​ရ​ဘု​ရား​သည်​သူ့​အား​ဆင်း​ရဲ​ဒုက္ခ ရောက်​စေ​တော်​မူ​၏။ သူ​၏​သား​သ​မီး​များ​သည်​သုံ့​ပန်း​များ ဖြစ်​ရ​ကြ​လေ​ပြီ။

7အ​ထီး​ကျန်​ယို​ယွင်း​ပျက်​စီး​လျက်​ရှိ​သော ယေ​ရု​ရှ​လင်​မြို့​သည်​ရှေး​ခေတ်​ဟောင်း​က​မိ​မိ ကြီး​ကျယ်​ခမ်း​နား​မှု​ကို​ပြန်​လည်​သ​တိ​ရ​မိ​၏။ ရန်​သူ့​လက်​သို့​ရောက်​ချိန်​၌​သူ့​အား​ကယ်​မည့်​သူ တစ်​ဦး​တစ်​ယောက်​မျှ​မ​ရှိ။ သူ့​အား​နှိမ်​နင်း​အောင်​မြင်​သူ​တို့​သည် သူ​၏​ပြို​လဲ​မှု​ကို​ပြက်​ရယ်​ပြု​ကြ​၏။

Read all of ယေရမိမြည်တမ်းစကား 1

Cross References

Leviticus 26:36``သင်​တို့​သည်​နိုင်​ငံ​ရပ်​ခြား​သို့​ရောက်​ရှိ​နေ​ထိုင် ရ​စဉ် လေ​တိုက်​ခတ်​သော​သစ်​ရွက်​သံ​ကို​ကြား​ရုံ မျှ​ဖြင့်​ကြောက်​လန့်​ထွက်​ပြေး​ရ​လိမ့်​မည်။ သင်​တို့ သည်​စစ်​ပွဲ​၌​ရန်​သူ​လိုက်​၍​ပြေး​ရ​ဘိ​သ​ကဲ့ သို့​ပြေး​ရ​လိမ့်​မည်။ အ​နီး​တွင်​ရန်​သူ​မ​ရှိ​ဘဲ လဲ​ကျ​လိမ့်​မည်။-

Deuteronomy 32:30လူ​တစ်​ထောင်​တပ်​ကို​လူ​တစ်​ယောက် က​လည်း​ကောင်း၊ လူ​တစ်​သောင်း​တပ်​ကို​လူ​နှစ်​ယောက်​တို့ က​လည်း​ကောင်း အ​ဘယ်​ကြောင့်​နှိမ်​နင်း​နိုင်​ခဲ့​သ​နည်း။ သူ​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝရ​ဘု​ရား​သည် သူ​တို့​အား​စွန့်​ပစ်​တော်​မူ​သော​ကြောင့်​တည်း။ သူ​တို့​၏​တန်​ခိုး​ကြီး​သော​ဘု​ရား​သ​ခင်​သည် သူ​တို့​အား​ရန်​သူ​လက်​သို့​အပ်​တော်​မူ သော​ကြောင့်​တည်း။

2 Samuel 4:11မိ​မိ​၏​အိမ်​ခန်း​တွင်​အိပ်​စက်​နေ​သော​အ​ပြစ်​မဲ့ သူ​အား​သတ်​ဖြတ်​ကြ​သည့်​လူ​ဆိုး​တို့​ကို ပို​၍ ပြင်း​ထန်​သော​အ​ပြစ်​ဒဏ်​စီ​ရင်​သင့်​သည်​မ ဟုတ်​လော။ ထို​အပြစ်​မဲ့​သူ​ကို​သတ်​သည့်​အ​တွက် ယ​ခု​ငါ​သည်​သင်​တို့​အ​ပေါ်​တွင်​လက်​စား​ချေ မည်။ သင်​တို့​အား​မြေ​မျက်​နှာ​ပြင်​ပေါ်​မှ​သုတ် သင်​ပယ်​ရှင်း​မည်'' ဟု​မိန့်​တော်​မူ​၏။-

Psalms 44:9သို့​ရာ​တွင်​ယ​ခု​အ​ခါ​၌​ကိုယ်​တော်​သည် ကျွန်​တော်​မျိုး​တို့​အား​ပစ်​ပယ်​တော်​မူ​လျက် အ​ရေး​ရှုံး​နိမ့်​စေ​တော်​မူ​ပါ​ပြီ။ ကျွန်​တော်​မျိုး​တို့​၏​စစ်​တပ်​များ​နှင့်​အ​တူ ချီ​တက်​တော်​မ​မူ​တော့​ပါ။

Psalms 50:2ထာ​ဝ​ရ​ဘု​ရား​သည်​အ​လွန်​တ​ရာ​လှ​ပ တင့်​တယ်​သည့် မြို့​တော်​တည်း​ဟူ​သော ဇိ​အုန်​တောင်​မှ​ရောင်​ခြည်​တော်​ကို​လွှတ်​တော်​မူ​၏။

This Verse In Other Editions

King James VersionBíblia Portuguesa MundialLuther Bibel (Deutsch)Bible Louis Segond (Français)Библия (Русский)新标点和合本성경 (한국어)الكتاب المقدس باللغة العربية، فان دايكBibbia Diodati (Italiano)Kinh Thánh (Tiếng Việt)Biblia Cornilescu (Română)Polish Biblia Gdanska (1881)Statenvertaling (Nederlands)

Study ယေရမိမြည်တမ်းစကား 1:6

Matthew HenryJamieson-Fausset-BrownAdam ClarkeJohn WesleyJohn CalvinKeil and DelitzschScofieldFamily Bible NotesGeneva Bible Notes (1599)
← ယေရမိမြည်တမ်းစကား 1:5ယေရမိမြည်တမ်းစကား 1ယေရမိမြည်တမ်းစကား 1:7 →