ယေရမိမြည်တမ်းစကား 1:8
သူ၏ဂုဏ်အသရေကင်းမဲ့ရလေပြီ။ အဝတ်အချည်းစည်းနှင့်စက်ဆုတ်ရွံရှာဖွယ် ဖြစ်၍နေ၏။ သူသည်ညည်းတွားကာရှက်သဖြင့်မျက်နှာကို အုပ်၍ထား၏။ ယေရုရှလင်မြို့သည်ဆိုးရွားသည့်အပြစ် ဒုစရိုက်အားဖြင့်မိမိကိုယ်ကိုညစ်ညမ်း စေခဲ့၏။
Common Language Bible
In The King James Version
In Context
Read all of ယေရမိမြည်တမ်းစကား 1
Cross References
1 Samuel 2:30ဣသရေလအမျိုးသားတို့၏အရှင်ဖြစ် တော်မူသောငါထာဝရဘုရားသည် သင့် အိမ်ထောင်စုနှင့်သားချင်းစုတို့အားကာလ အစဉ်အဆက်ယဇ်ပုရောဟိတ်ဖြစ်စေမည် ဟု အတိတ်ကာလကကတိပြုခဲ့၏။ သို့ ရာတွင်ယခုထိုကတိကိုတည်စေတော့ မည်မဟုတ်ဟုငါဆို၏။ ငါ့အားဂုဏ်ပြု ချီးမြှင့်သူတို့ကိုငါဂုဏ်ပြုချီးမြှင့်မည်။ ငါ့အားမထီမဲ့မြင်ပြုသူတို့အားရွံရှာ စက်ဆုပ်မည်။-
1 Kings 9:6သို့ရာတွင်အကယ်၍သင်သို့မဟုတ်သင်၏သား မြေးများငါ့နောက်သို့မလိုက်ဘဲ ငါပေးအပ်သည့် ပညတ်တော်များနှင့်အမိန့်တော်များကိုမလိုက် နာဘဲအခြားဘုရားတို့ကိုကိုးကွယ်ဝတ်ပြု ကြမည်ဆိုပါမူ၊-
1 Kings 9:9ထိုအခါလူတို့ကဤသူတို့သည်မိမိတို့ ဘိုးဘေးများအား`အီဂျစ်ပြည်မှထုတ်ဆောင် လာတော်မူသောဘုရားသခင်ထာဝရဘုရား ကိုစွန့်၍ အခြားဘုရားများထံမှီဝဲဆည်း ကပ်ကြသောကြောင့် ထာဝရဘုရားသည်သူ တို့အပေါ်ဘေးဆိုးကိုသင့်ရောက်စေတော်မူ ခြင်းဖြစ်သည်' ဟုပြန်လည်ဖြေကြားကြ လိမ့်မည်'' ဟုမိန့်တော်မူ၏။
Isaiah 59:2ကိုယ်တော်ကြားတော်မမူခြင်းမှာသင်တို့ အပြစ်များကြောင့်ဖြစ်သည်။ သင်တို့အား ကိုယ်တော်နှင့်ကင်းကွာစေသည့်အရာမှာ လည်းသင်တို့အပြစ်များပင်ဖြစ်၏။-
Jeremiah 6:28သူတို့အားလုံးပင်ခေါင်းမာသည့်သူပုန် များဖြစ်ကြ၏။ သူတို့သည်ကြေးဝါကဲ့ သို့လည်းကောင်း၊ သံကဲ့သို့လည်းကောင်းမာ ကြောကြ၏။ သူတို့သည်လှည့်လည်သွားလာ ၍ကုန်းချောတတ်ကြ၏။ အကျင့်ပျက်သူ များဖြစ်ကြ၏။-
Jeremiah 13:26ထာဝရဘုရားကိုယ်တော်တိုင်ပင်သင်တို့ ၏အဝတ်များကိုဆွဲချွတ်တော်မူ၍ သင် တို့အားအရှက်ကွဲစေတော်မူလိမ့်မည်။-