The Bible Software
bible.software › ယေရမိမြည်တမ်းစကား › ယေရမိမြည်တမ်းစကား 1 › ယေရမိမြည်တမ်းစကား 1:9

ယေရမိမြည်တမ်းစကား 1:9

သူ​၏​ညစ်​ညမ်း​မှု​ကို​အ​လွယ်​တ​ကူ တွေ့​မြင်​နိုင်​သော်​လည်း သူ​သည်​မိ​မိ​ကြုံ​တွေ့​ရ​မည့်​ကံ​ကြမ္မာ​ကို အ​မှု​ထား​ပုံ​မ​ပေါ်။ သူ​၏​ပြို​လဲ​မှု​မှာ​ကြောက်​မက်​ဖွယ်​ကောင်း လှ​၏။ သူ့​အား​အ​ဘယ်​သူ​မျှ​လည်း​နှစ်​သိမ့်​မှု မ​ပေး​နိုင်​ကြ။ ရန်​သူ​များ​အ​နိုင်​ရ​၍​သွား​သ​ဖြင့်​သူ​သည် မိ​မိ​အား က​ရု​ဏာ​ထား​တော်​မူ​ပါ​ရန်​ထာ​ဝ​ရ​ဘု​ရား ထံ​တော်​သို့​ဆု​တောင်း​ပတ္ထနာ​ပြု​လေ​သည်။

Common Language Bible

In The King James Version

Her filthiness is in her skirts; she remembereth not her last end; therefore she came down wonderfully: she had no comforter. O LORD, behold my affliction: for the enemy hath magnified himself.

In Context

8သူ​၏​ဂုဏ်​အ​သ​ရေ​ကင်း​မဲ့​ရ​လေ​ပြီ။ အ​ဝတ်​အ​ချည်း​စည်း​နှင့်​စက်​ဆုတ်​ရွံ​ရှာ​ဖွယ် ဖြစ်​၍​နေ​၏။ သူ​သည်​ညည်း​တွား​ကာ​ရှက်​သ​ဖြင့်​မျက်​နှာ​ကို အုပ်​၍​ထား​၏။ ယေ​ရု​ရှ​လင်​မြို့​သည်​ဆိုး​ရွား​သည့်​အ​ပြစ် ဒု​စ​ရိုက်​အား​ဖြင့်​မိ​မိ​ကိုယ်​ကို​ညစ်​ညမ်း စေ​ခဲ့​၏။

10ရန်​သူ​များ​သည်​သူ​၏​ဥစ္စာ​ဘဏ္ဍာ​ရှိ​သ​မျှ​ကို တိုက်​ခိုက်​လု​ယူ​ကြ​၏။ သူ​သည်​လူ​မျိုး​ခြား​တို့​အား​ထာ​ဝ​ရ​ဘု​ရား ပိတ်​ပင်​တား​မြစ်​ထား​ရာ​ဖြစ်​သည့် ဗိ​မာန်​တော်​သို့​ပင်​လျှင် ထို​သူ​တို့​ဝင်​ရောက်​ကြ​သည်​ကို​တွေ့​မြင်​ရ​၏။

Read all of ယေရမိမြည်တမ်းစကား 1

Cross References

Exodus 3:7ထို​နောက်​ထာ​ဝ​ရ​ဘု​ရား​က``ငါ​၏​လူ​မျိုး တော်​သည် အီ​ဂျစ်​ပြည်​တွင်​ခံ​ရ​သော​ဆင်း​ရဲ ဒုက္ခ​ကို​ငါ​ဒိ​ဌ​တွေ့​မြင်​ရ​ပြီ။ သူ​တို့​ကို​စေ ခိုင်း​သော​သ​ခင်​တို့​၏​ညှင်း​ပန်း​ခြင်း​ကို​မ​ခံ မ​ရပ်​နိုင်​သော​ကြောင့် သူ​တို့​အော်​ဟစ်​၍​အ​ကူ အ​ညီ​တောင်း​ခံ​သံ​ကို​ငါ​ကြား​ရ​ပြီ။ ငါ​သည် သူ​တို့​ခံ​ရ​သော​ဆင်း​ရဲ​ခြင်း​ကို​ဧ​ကန်​အ​မှန် သိ​မြင်​ရ​ပြီ။-

Exodus 4:31သူ​တို့​သည်​ပြော​ပြ​သ​မျှ​ကို​ယုံ​ကြ​၏။ ထာ​ဝ​ရ​ဘု​ရား​သည်​သူ​တို့​ထံ​သို့​ကြွ​လာ ၍ သူ​တို့​ခံ​ရ​သော​ဆင်း​ရဲ​ခြင်း​ကို​သိ​မှတ်​တော် မူ​ပြီ​ဖြစ်​ကြောင်း​ကို ကြား​သိ​ရ​သော​အ​ခါ​သူ တို့​သည်​ထာ​ဝ​ရ​ဘု​ရား​အား​ဦး​ညွှတ်​ရှိ​ခိုး ကြ​၏။

Deuteronomy 32:27သို့​ရာ​တွင်​သူ​တို့​၏​ရန်​သူ​များ​သည်​မိ​မိ တို့​၏ အ​စွမ်း​ကြောင့် ငါ​၏​လူ​မျိုး​တော်​ကို​အောင်​မြင်​သည်​ဟူ​၍ ဝါ​ကြွား​ခွင့်​ကို​ငါ​ပေး​မည်​မ​ဟုတ်။'

1 Samuel 1:11ဟန္န​က``အ​နန္တ​တန်​ခိုး​ရှင်​ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်​ရှင်​၏​ကျွန်​မ​ကို​ရှု​မြင်​တော်​မူ​ပါ။ ကိုယ်​တော်​ရှင်​ကျွန်​မ​၏​ဒုက္ခ​ကို​ရှု​မှတ်​တော် မူ​လျက်​အောက်​မေ့​သ​တိ​ရ​တော်​မူ​ပါ။ မေ့ လျော့​တော်​မ​မူ​ပါ​နှင့်။ ကိုယ်​တော်​ရှင်​သည် ကိုယ်​တော်​၏​ကျွန်​မ​အား​သား​ဆု​ကို​ပေး တော်​မူ​လျှင် သူ့​ကို​အ​သက်​ရှင်​သ​မျှ​ကာ​လ ပတ်​လုံး​ကိုယ်​တော်​ရှင်​အား​ဆက်​ကပ်​ပူ​ဇော် ပါ​မည်။ သူ​၏​ဆံ​ပင်​ကို​လည်း​အ​ဘယ် အ​ခါ​၌​မျှ​မ​ဖြတ်​မ​ရိတ်​စေ​ပါ'' ဟု​ကျိန်​ဆို​က​တိ​ပြု​လေ​၏။

2 Kings 14:26ထာ​ဝ​ရ​ဘု​ရား​သည်​ဣ​သ​ရေ​လ​အ​မျိုး​သား တို့ ပြင်း​ပြ​စွာ​ခံ​စား​နေ​ရ​ကြ​သော​ဆင်း​ရဲ​ဒုက္ခ ကို​မြင်​တော်​မူ​၏။ သူ​တို့​အား​ကူ​မ​မည့်​သူ တစ်​ယောက်​မျှ​မ​ရှိ​ချေ။-

Psalms 25:18ကျွန်​တော်​မျိုး​ခံ​စား​ရ​သော​ဒုက္ခ​များ​နှင့် ဝေ​ဒ​နာ​အ​ပေါင်း​ကို​အောက်​မေ့​ဆင်​ခြင်​တော် မူ​၍ ကျွန်​တော်​မျိုး​၏​အ​ပြစ်​များ​ကို​ဖြေ​လွှတ် တော်​မူ​ပါ။

This Verse In Other Editions

King James VersionBíblia Portuguesa MundialLuther Bibel (Deutsch)Bible Louis Segond (Français)Библия (Русский)新标点和合本성경 (한국어)الكتاب المقدس باللغة العربية، فان دايكBibbia Diodati (Italiano)Kinh Thánh (Tiếng Việt)Biblia Cornilescu (Română)Polish Biblia Gdanska (1881)Statenvertaling (Nederlands)

Study ယေရမိမြည်တမ်းစကား 1:9

Matthew HenryJamieson-Fausset-BrownAdam ClarkeJohn WesleyJohn CalvinKeil and DelitzschScofieldFamily Bible NotesGeneva Bible Notes (1599)
← ယေရမိမြည်တမ်းစကား 1:8ယေရမိမြည်တမ်းစကား 1ယေရမိမြည်တမ်းစကား 1:10 →