ယေရမိမြည်တမ်းစကား 2:15
မြို့ကိုဖြတ်သန်းသွားလာသူတို့သည် မထီမဲ့မြင်ပြုကာလက်ခုပ်တီးကြ၏။ သူတို့သည်ဦးခေါင်းကိုခါလျက်ယေရုရှလင် မြို့ပျက်ကိုပြက်ရယ်ပြုကြ၏။ ``နှစ်လိုဖွယ်ကောင်းသည့်မြို့ကားဤမြို့ပေလော။ ကမ္ဘာ၏ဂုဏ်အသရေကိုဆောင်သောမြို့ကား ဤမြို့ပေလော'' ဟုပျက်ရယ်ပြုကြ၏။
Common Language Bible
In The King James Version
In Context
Read all of ယေရမိမြည်တမ်းစကား 2
Cross References
Deuteronomy 29:22``နောင်အခါ၌သင်တို့၏နောင်လာနောက် သားများနှင့် ရပ်ဝေးတိုင်းနိုင်ငံများမှလူ မျိုးခြားတို့သည် သင်တို့ပြည်၌ထာဝရ ဘုရားကျရောက်စေတော်မူသောဘေးဒဏ် များနှင့် ဆင်းရဲဒုက္ခများကိုမြင်ရကြလိမ့် မည်။-
1 Kings 9:8ဤဗိမာန်တော်သည်လည်းယိုယွင်းပျက်စီး သည့်အဆောက်အအုံဖြစ်လာလိမ့်မည်။ ယင်း ၏အနီးမှဖြတ်သန်းသွားလာသူအပေါင်း တို့သည်အံ့အားသင့်လျက်`ထာဝရဘုရားသည် အဘယ်ကြောင့်ဤပြည်နှင့် ဤဗိမာန်တော်ကို ဤသို့ပြုတော်မူပါသနည်း' ဟုမေးမြန်း ကြလိမ့်မည်။-
2 Kings 19:21``အချင်းသနာခရိပ်၊ ယေရုရှလင်မြို့သည် သင့်ကိုကြည့်၍ပြုံးကာပြက်ရယ်ပြုလေပြီ။-
Job 27:22ဘုရားသခင်သည် မသနားဘဲ ဒဏ်ခတ်တော်မူသဖြင့်၊ လက်တော်မှ လွတ်ခြင်းငှါ အလိုရှိလိမ့်မည်။
Psalms 44:14ကိုယ်တော်ရှင်သည်ကျွန်တော်မျိုးတို့အား လူမျိုးတကာတို့မထီမဲ့မြင်ပြုစရာ ဖြစ်စေတော်မူပါပြီ။ သူတို့သည်ကျွန်တော်မျိုးတို့အားမခိုးမခန့် ဦးခေါင်းညိတ်၍ပြကြပါ၏။
Psalms 48:2ဘုရားသခင်၏တောင်တော်ဖြစ်သည့် ဇိအုန်တောင်သည်မြင့်မား၍လှပတင့်တယ် ပါ၏။ မဟာမင်းမြတ်၏မြို့တော်သည်ကမ္ဘာသူ ကမ္ဘာသားတို့အားစိတ်ရွှင်လန်းစေပါ၏။