ယေရမိမြည်တမ်းစကား 3:42
``ကျွန်တော်မျိုးတို့သည်အပြစ်ကူးခဲ့ကြ ပါပြီ။ ပုန်ကန်ခဲ့ကြပါပြီ။ အို ထာဝရဘုရားကိုယ်တော်ရှင်သည်လည်း ကျွန်တော်မျိုးတို့၏အပြစ်များကို ဖြေလွှတ်တော်မမူခဲ့ပါ။
Common Language Bible
In The King James Version
We have transgressed and have rebelled: thou hast not pardoned.
In Context
Read all of ယေရမိမြည်တမ်းစကား 3
Cross References
Nehemiah 9:26``သို့ရာတွင်ကိုယ်တော်၏လူမျိုးတော်သည် ပုန်ကန်ကာကိုယ်တော်၏စကားကို နားမထောင်ကြပါ။ သူတို့သည်ကိုယ်တော်၏ပညတ်တရားတော်ကို ပစ်ပယ်ကြပါ၏။ မိမိတို့အားသတိပေးသူ၊ မိမိတို့အား ကိုယ်တော်ထံပြန်လာရန် ပြောကြားသူပရောဖက်များအား သတ်ဖြတ်ကြပါ၏။ သူတို့သည်ကိုယ်တော်အားအကြိမ်ကြိမ် စော်ကားကြပါ၏။
Jeremiah 3:13သင်သည်မိမိ၏ဘုရားသခင်ထာဝရ ဘုရားကို ပုန်ကန်မိကြောင်းနှင့်အပြစ်ရှိ ကြောင်းကိုသာလျှင်ဝန်ခံလော့။ စိမ်းလန်း သည့်သစ်ပင်ရှိသမျှအောက်တွင် သင်သည် လူမျိုးခြားတို့၏ဘုရားများအားမြတ်နိုး ခဲ့ကြောင်းကိုဝန်ခံလော့။ ငါ့စကားကိုနား မထောင်မိခဲ့ကြောင်းကိုလည်းဝန်ခံလော့။ ဤကားငါထာဝရဘုရားမြွက်ဟသည့် စကားဖြစ်၏။
Lamentations 1:18``သို့ရာတွင်ထာဝရဘုရားသည် တရားမျှတတော်မူပါသည်။ အဘယ်ကြောင့်ဆိုသော်ငါသည်ကိုယ်တော်၏ အမိန့်တော်ကိုလွန်ဆန်ခဲ့သောကြောင့်တည်း။ အရပ်တကာရှိလူတို့ငါပြောဆိုသည်ကို နားထောင်ကြလော့။ ငါ၏ဝေဒနာကိုကြည့်ရှုကြလော့။ ငါ၏သားပျိုသမီးပျိုတို့သည်သုံ့ပန်း အဖြစ် ခေါ်ဆောင်ခြင်းကိုခံရကြလေပြီ။''
Ezekiel 24:13အို ယေရုရှင်လင်မြို့၊ သင်သည်အကျင့်ပျက်မှု များဖြင့် မိမိကိုယ်ကိုညစ်ညမ်းစေလေပြီ။ ငါ သည်သင့်အားသန့်စင်အောင်ပြုသော်လည်း သင်သည်ညစ်ညမ်း၍နေ၏။ ငါ၏အမျက်တော် ဒဏ်ကိုမခံရမချင်းသင်သည်သန့်စင်လာ လိမ့်မည်မဟုတ်။-
Daniel 9:8အို အရှင်ဘုရားအကျွန်ုပ်တို့၏ဘုရင်များ၊ မင်းညီမင်းသားများနှင့်ဘိုးဘေးများသည် ရှက်ကြောက်ဖွယ်ရာအမှုတို့ကိုပြုကျင့် လျက်ကိုယ်တော်အားပြစ်မှားကြပါပြီ။-