ယေရမိမြည်တမ်းစကား 5:12
ရန်သူများသည်ကျွန်တော်မျိုးတို့၏ ခေါင်းဆောင်များအား ဖမ်းဆီး၍စက်တိုင်တင်ကြပါ၏။ သူတို့သည်အသက်ကြီးသူများကိုလည်း ရိုသေလေးစားမှုမပြုကြပါ။
Common Language Bible
In The King James Version
Princes are hanged up by their hand: the faces of elders were not honoured.
In Context
Read all of ယေရမိမြည်တမ်းစကား 5
Cross References
Isaiah 47:6ငါသည်မိမိ၏လူမျိုးတော်အားအမျက်ထွက် သဖြင့်၊ ငါ၏လူမျိုးတော်မဟုတ်ဘိသကဲ့သို့ပြုခဲ့၏။ သင်၏အာဏာစက်အောက်တွင်ထားရှိခဲ့၏။ သို့ရာတွင်သင်သည်သူတို့အပေါ်၌ သနားကြင်နာစိတ်မထား။ အသက်ကြီးသူများကိုပင်ကြမ်းကြုတ်စွာ ပြုကျင့်၏။
Jeremiah 52:10ရိဗလမြို့တွင်ဗာဗုလုန်ဘုရင်သည်ဇေ ဒကိ၏သားတို့ကိုဖခင်၏မျက်မှောက်၌ ပင်လျှင်ကွပ်မျက်စေလေသည်။ ယုဒမှူးမတ် တို့ကိုလည်းကွပ်မျက်စေသေး၏။-
Lamentations 2:10ယေရုရှလင်မြို့၏အသက်ကြီးသူတို့သည် လျှော်တေကိုဝတ်၍ မိမိတို့ဦးခေါင်းပေါ်သို့မြေမှုန့်များတင် ပြီးလျှင် မြေပေါ်၌ဆိတ်ငြိမ်စွာထိုင်နေကြ၏။ မြို့သူကညာများသည်လည်းခေါင်းကို ငိုက်စိုက်ညွှတ်လျက်နေကြလေသည်။
Lamentations 4:16ထာဝရဘုရားသည်သူတို့အား ဂရုစိုက်တော်မမူတော့သဖြင့်ကိုယ်တော်တိုင် ကွဲလွင့်စေတော်မူပါ၏။ ငါတို့၏ယဇ်ပုရောဟိတ်များနှင့် ခေါင်းဆောင်များကိုလည်းပမာဏပြုတော် မမူပါ။ မျက်နှာသာမပေးကြတော့ချေ။