ယေရမိမြည်တမ်းစကား 5:9
ကျေးလက်များတွင်လူသတ်သမားတို့ လှည့်လည်သွားလာလျက်နေသဖြင့် ကျွန်တော်မျိုးတို့သည်အသက်စွန့်၍ အစားအစာရှာဖွေရကြပါ၏။
Common Language Bible
In The King James Version
We gat our bread with the peril of our lives because of the sword of the wilderness.
In Context
Read all of ယေရမိမြည်တမ်းစကား 5
Cross References
Judges 6:11ထိုနောက်ထာဝရဘုရား၏ကောင်းကင်တမန် သည်သြဖရရွာသို့လာ၍ အဗျေဇာသားချင်း စုဝင်တစ်ဦးဖြစ်သူ၊ ယောရှ၏သပိတ်ပင် အောက်၌ထိုင်လေသည်။ ယောရှ၏သားဂိဒေါင် သည် မိမိအားမိဒျန်အမျိုးသားတို့မတွေ့ မမြင်နိုင်စေရန် စပျစ်သီးနယ်ရာကျင်းတွင် ဂျုံစပါးနယ်လျက်နေ၏။-
Jeremiah 40:9ထိုအခါဂေဒလိက``သင်တို့သည်ဗာဗုလုန် အမျိုးသားတို့အား လက်နက်ချရန်ကြောက်လန့် နေစရာမလိုကြောင်းသင်တို့အားငါကတိ ပေးပါ၏။ ဤပြည်တွင်အတည်တကျနေထိုင် ၍ဗာဗုလုန်ဘုရင်၏အမှုတော်ကိုထမ်းဆောင် ကြလော့။ သင်တို့အဖို့အစစအရာရာအဆင် ပြေပါလိမ့်မည်။-
Jeremiah 41:18ဣရှမေလသည်ယုဒဘုရင်ခံအဖြစ် ဗာဗုလုန်ဘုရင်ခန့်ထားခဲ့သူဂေဒလိအား သတ်ဖြတ်ခဲ့သည့်အတွက် သူတို့သည်ဗာဗု လုန်အမျိုးသားတို့ကိုကြောက်ကြ၏။
Jeremiah 42:16သင်တို့ကြောက်ရွံ့သည့်စစ်မက်အန္တရာယ်သည် သင်တို့ကိုလိုက်၍မီလိမ့်မည်။ သင်တို့ထိတ်လန့် သည့်ငတ်မွတ်ခေါင်းပါးခြင်းဘေးသည်လည်း သင်တို့နောက်မှလိုက်၍လာလိမ့်မည်။ သို့ဖြစ် ၍သင်တို့သည်အီဂျစ်ပြည်တွင်သေရကြ လိမ့်မည်။-
Ezekiel 12:18ကိုယ်တော်က``အချင်းလူသား၊ သင်သည် တုန်လှုပ်လျက်အစားအစာကိုစားလော့။ ကြောက်လန့်တုန်လှုပ်လျက်ရေကိုသောက် လော့။-