ဝတ်ပြုရာကျမ်း 10:15
သူတို့သည်ထာဝရဘုရားအား ပူဇော် သကာအဖြစ်ယဇ်ကောင်အဆီကိုပူဇော် သောအခါ ရင်ဒူးနှင့်ပေါင်တို့ကိုယူဆောင် ခဲ့ရမည်။ ထာဝရဘုရားမိန့်မှာတော်မူသည့် အတိုင်း ဤယဇ်ကောင်ပိုင်းများသည် သင်နှင့် သင်၏သားစဉ်မြေးဆက်အတွက်ဝေစု ဖြစ်ရမည်'' ဟုဆိုလေသည်။
Common Language Bible
In The King James Version
In Context
Cross References
Genesis 13:15သင်မြင်သမျှမြေကိုငါသည်သင်၏အဆက်အနွယ်တို့အားထာဝစဉ်အပိုင်စားပေးမည်။ သင်၏အဆက်အနွယ်တို့ကိုလည်းမရေမတွက်နိုင်အောင်များပြားစေမည်။-
Genesis 17:13ယောကျာ်းတိုင်းအရေဖျားလှီးခြင်းမင်္ဂလာခံ ရမည်။ ထိုသို့ပြုလုပ်ခြင်းသည် သင်နှင့်ငါပြု သောပဋိညာဉ်ထာဝစဉ်တည်ကြောင်း ကိုယ် ကာယ၌ထင်ရှားသည့်လက္ခဏာအမှတ် အသားဖြစ်လိမ့်မည်။-
Exodus 29:28ငါ၏လူမျိုးတော်သည်မိတ်သဟာယယဇ် ကိုပူဇော်သောအခါ၊ ယဇ်ကောင်၏ရင်ပုံသား နှင့်ပေါင်ကိုယဇ်ပုရောဟိတ်အားဝေပုံစု အဖြစ်ပေးရမည်ဟူသောပညတ်ကိုအမြဲ စောင့်ရှောက်လော့။ ဤကား၊ လူတို့ကငါထာဝရ ဘုရားအားဆက်သသောပူဇော်သကာဖြစ်၏။
Leviticus 7:34ယဇ်ကောင်၏ရင်ပုံသားနှင့်လက်ယာပေါင်တို့ သည် ထာဝရဘုရားကဣသရေလအမျိုး သားတို့ထံမှ ယဇ်ပုရောဟိတ်များအား အထူးလှူဖွယ်အဖြစ်သတ်မှတ်ပေးသော ဝေစုဖြစ်သည်။ ဣသရေလအမျိုးသားတို့ သည် ထိုဝေစုကိုယဇ်ပုရောဟိတ်တို့အား ထာဝစဉ်လှူဒါန်းရမည်။-