ဝတ်ပြုရာကျမ်း 10:17
``သင်တို့သည်အဘယ်ကြောင့်ထိုယဇ်ကောင်၏ အသားကို သန့်ရှင်းရာဌာနတွင်မစားကြ သနည်း။ အပြစ်ဖြေရာယဇ်သည်အထူးပူ ဇော်သောပူဇော်သကာဖြစ်၍ ထာဝရဘုရား သည်ဣသရေလအမျိုးသားတို့၏အပြစ် ကိုဖြေရန်အတွက် သင်တို့အားထိုယဇ် ကောင်အသားကိုပေးတော်မူပြီ။-
Common Language Bible
In The King James Version
In Context
Cross References
Exodus 28:43အာရုန်နှင့်သူ၏သားတို့သည်ငါစံတော်မူ ရာတဲတော်ထဲသို့ဝင်သည့်အခါ၌ဖြစ်စေ၊ သန့်ရှင်းရာဌာန၌ယဇ်ပုရောဟိတ်အမှုကို ဆောင်ရန်ပလ္လင်နားသို့ချဉ်းကပ်သည့်အခါ၌ ဖြစ်စေ၊ အရှက်ပေါ်၍အသက်မသေစေအံ့ ငှာထိုဘောင်းဘီတိုများကိုဝတ်ဆင်ရမည်။ ဤပညတ်ကိုအာရုန်နှင့်သူ၏အဆက် အနွယ်တို့အမြဲစောင့်ထိန်းရမည်။
Leviticus 7:6ယဇ်ပုရောဟိတ်ယောကျာ်းအပေါင်းတို့သည် ထို ယဇ်ကောင်၏အသားကိုစားနိုင်သည်။ ထိုပူဇော် သကာသည်အလွန်သန့်ရှင်းသောကြောင့် သန့်ရှင်း ရာဌာနတွင်စားရမည်။
Leviticus 21:22ထိုသို့သောယဇ်ပုရောဟိတ်သည် ငါ့အား ဆက်သသောသန့်ရှင်းသည့်ပူဇော်သကာ ကိုသော်လည်းကောင်း၊ အလွန်သန့်ရှင်းသည့် ပူဇော်သကာကိုသော်လည်းကောင်းစား သုံးနိုင်သည်။-
Numbers 18:1ထာဝရဘုရားကအာရုန်အား``သင်နှင့်တကွ သင်၏သားများနှင့်လေဝိအနွယ်ဝင်တို့သည် ငါစံတော်မူရာတဲတော်နှင့်ဆိုင်သောဝတ်ကို ဆောင်ရွက်ရာ၌ မှားယွင်းချွတ်ချော်ခဲ့သော် အပြစ်ဒဏ်ကိုသင်တို့ခံရကြမည်။ သို့ရာ တွင်ယဇ်ပုရောဟိတ်တာဝန်ကိုထမ်းဆောင် ရာ၌မှားယွင်းချွတ်ချော်ခဲ့လျှင်မူကား သင် နှင့်သင်၏သားတို့သာအပြစ်ဒဏ်ကို ခံရကြမည်။-
Ezekiel 4:4``သင်သည်လက်ဝဲဘက်သို့စောင်း၍အိပ်လော့။
John 1:29နောက်တစ်နေ့၌မိမိ၏ထံသို့သခင်ယေရှု ကြွလာသည်ကိုမြင်လျှင် ယောဟန်က ``လောက သားတို့၏အပြစ်ကိုယူဆောင်သွားတော်မူ သောဘုရားသခင်၏သိုးသူငယ်တော်ကို ကြည့်ကြလော့။-