ဝတ်ပြုရာကျမ်း 11:45
ငါသည်သင်တို့၏ထာဝရဘုရားသခင် ဖြစ်အံ့သောငှာ သင်တို့ကိုအီဂျစ်ပြည်မှ ထုတ်ဆောင်ခဲ့သောဘုရားဖြစ်တော်မူ၏။ ငါသည်သန့်ရှင်းသောကြောင့် သင်တို့သည် လည်းသန့်ရှင်းကြရမည်။
Common Language Bible
In The King James Version
In Context
Cross References
Exodus 6:7ငါသည်သင်တို့အား ငါ၏လူမျိုးတော်အဖြစ် ရွေးကောက်မည်။ ငါသည်သင်တို့၏ဘုရားဖြစ် မည်။ သင်တို့အားကျွန်အဖြစ်စေခိုင်းသော အီဂျစ်အမျိုးသားတို့၏လက်မှ ငါလွတ် မြောက်စေတော်မူသောအခါ၊ ငါသည်သင် တို့၏ဘုရားသခင်ထာဝရဘုရားဖြစ် ကြောင်းသင်တို့သိရကြလိမ့်မည်။-
Leviticus 11:44ငါသည်သင်တို့၏ဘုရားသခင်ထာဝရ ဘုရားဖြစ်၏။ ငါသည်သန့်ရှင်းသောကြောင့် သင်တို့သည်လည်းသန့်ရှင်းကြရမည်။-
Leviticus 19:36မှန်ကန်သောအတိုင်းအတာအခြင်အတွယ် တို့ကိုသုံးရမည်။ ငါသည်သင်တို့အားအီဂျစ် ပြည်မှထုတ်ဆောင်ခဲ့သောသင်တို့၏ဘုရားသခင်ထာဝရဘုရားဖြစ်တော်မူ၏။-
Leviticus 22:33ငါသည်သင်တို့၏ဘုရားဖြစ်ခြင်းငှာသင် တို့အားအီဂျစ်ပြည်မှထုတ်ဆောင်ခဲ့၏။ ငါ သည်ထာဝရဘုရားဖြစ်တော်မူ၏'' ဟု မိန့်တော်မူ၏။
Leviticus 26:45ငါထာဝရဘုရားသည်ငါ၏လူမျိုးတော်၏ ဘုရားဖြစ်အံ့သောငှာ သူတို့အားအီဂျစ်ပြည် မှထုတ်ဆောင်ခြင်းဖြင့် လူမျိုးအပေါင်းတို့အား ငါ၏တန်ခိုးကိုဖော်ပြစဉ်အခါက သူတို့ ၏ဘိုးဘေးများနှင့်ပြုခဲ့သောပဋိညာဉ်ကို အောက်မေ့သတိရတော်မူမည်'' ဟု မိန့်တော် မူ၏။