ဝတ်ပြုရာကျမ်း 13:2
တစ်စုံတစ်ယောက်တွင်အရေပြား၌အနာစိမ်း ဖြစ်စေ၊ ဖူးယောင်နာဖြစ်စေ၊ အနာကွက်ဖြစ်စေ၊ ပေါ်လာသဖြင့် ဆိုးရွားသောကိုယ်ရေပြားရောဂါ စွဲမည့်လက္ခဏာရှိလာလျှင် ထိုသူကိုအာရုန်မှ ဆင်းသက်သောယဇ်ပုရောဟိတ်ထံသို့ခေါ် ဆောင်ခဲ့ရမည်။-
Common Language Bible
In The King James Version
In Context
Cross References
Exodus 4:6တစ်ဖန်ထာဝရဘုရားက မောရှေအား``သင် ၏လက်ကိုဝတ်ရုံအောက်သို့သွင်းလော့'' ဟုမိန့် တော်မူ၏။ မောရှေသည်မိန့်တော်မူသည့်အတိုင်း ပြုလုပ်၏။ လက်ကိုပြန်ထုတ်လိုက်သောအခါ လက်သည်အရေပြားရောဂါစွဲ၍မိုးပွင့် ကဲ့သို့ဖြူဆွတ်လာ၏။-
Leviticus 14:35တစ်စုံတစ်ယောက်သောသူသည် မိမိ၏အိမ် တွင်ဖားဥစွဲကြောင်းတွေ့ရလျှင် ယဇ်ပုရော ဟိတ်ထံသို့သွားရောက်တိုင်ကြားရမည်။-
Numbers 12:10တဲတော်ပေါ်မှမိုးတိမ်တက်သွားသည့်အခါ မိရိအံတွင် ကြောက်မက်ဖွယ်သောကိုယ်ရေပြား ရောဂါစွဲသဖြင့်တစ်ကိုယ်လုံးဆွတ်ဆွတ်ဖြူ လာလေ၏။ အာရုန်သည်မိရိအံကိုယ်၌ ရောဂါ စွဲသည့်အခြင်းအရာကိုတွေ့မြင်ရသော အခါ၊-
Deuteronomy 17:8``ဒေသခံတရားသူကြီးများသည် လူသတ် မှုနှင့်လူသေမှု၌သော်လည်းကောင်း၊ ပစ္စည်း ပိုင်ဆိုင်ခွင့်အမှုအခင်းများနှင့်ကိုယ်ထိလက် ရောက်ထိခိုက်ဒဏ်ရာရစေသောအမှုအခင်း များ၌သော်လည်းကောင်း အဆုံးအဖြတ်ပေး ရန်ခဲယဉ်းခြင်းရှိသောအခါ သင်တို့၏ ဘုရားသခင်ထာဝရဘုရားရွေးချယ် တော်မူသည့်တစ်ခုတည်းသောကိုးကွယ် ရာဌာနသို့သွား၍၊-
Deuteronomy 28:27အီဂျစ်အမျိုးသားတို့ကဲ့သို့ သင်တို့၌အနာ စိမ်းရောဂါစွဲစေတော်မူမည်။ သင်တို့၏ကိုယ် ပေါ်တွင်အနာပေါက်စေတော်မူမည်။ သင်တို့ တွင်ဆေးကု၍မရသောဝဲခြောက်နာ၊ ယား နာများစွဲကပ်လိမ့်မည်။-
2 Kings 5:1ရှုရိတပ်မတော်ဗိုလ်ချုပ်နေမန်သည် ရှုရိဘုရင် ၏ရိုသေလေးစားမှုကိုများစွာခံရသူဖြစ်၏။ အဘယ်ကြောင့်ဆိုသော်နေမန်အားဖြင့် ထာဝရ ဘုရားသည်ရှုရိတပ်များကိုအောင်ပွဲခံစေတော် မူသောကြောင့်ဖြစ်၏။ နေမန်သည်သူရဲကောင်း ကြီးတစ်ဦးဖြစ်သော်လည်း ကြောက်ရွံ့ဖွယ်ဖြစ် သောအရေပြားရောဂါစွဲကပ်နေသူဖြစ်ပေ သည်။-