ဝတ်ပြုရာကျမ်း 14:12
ထို့နောက်ယဇ်ပုရောဟိတ်သည်သိုးအထီး တစ်ကောင်နှင့် သံလွင်ဆီအဝက်သားကို အပြစ်ဒဏ်ပြေရာယဇ်အဖြစ်ပူဇော်ရ မည်။ ထိုပူဇော်သကာတို့ကို ယဇ်ပုရောဟိတ် အတွက်ထာဝရဘုရားအား အထူးလှူ ဖွယ်အဖြစ်ဆက်ကပ်ရမည်။-
Common Language Bible
In The King James Version
In Context
Cross References
Leviticus 5:2တစ်စုံတစ်ယောက်သောသူသည် တိရစ္ဆာန်အသေ ကောင်အစရှိသောဘာသာထုံးနည်းအရ မစင် ကြယ်သောအရာကိုမသိဘဲနှင့်ကိုင်မိလျှင် ကိုင်မိကြောင်းသိလျှင်သိချင်း သူသည်အပြစ် ကူးလွန်ရာရောက်သည်။
Leviticus 5:15တစ်စုံတစ်ယောက်သည်ထာဝရဘုရား၏ သန့်ရှင်းမြင့်မြတ်မှုကို အမှတ်မထင်ထိခိုက် အပြစ်ကူးလွန်မိသော်အပြစ်အနာကင်း သောသိုးထီး၊ သို့မဟုတ်ဆိတ်ထီးကိုထာဝရ ဘုရားထံတော်သို့ယူဆောင်ခဲ့ရမည်။ ထိုသိုး သို့မဟုတ်ဆိတ်၏တန်ဖိုးကို ကျပ်ချိန်တော် အရအဖိုးဖြတ်သည့်ငွေကိုပါဆက်သ ရမည်။-
Leviticus 6:6သူသည်ထာဝရဘုရားအားပူဇော်ရန် အပြစ် ဒဏ်ပြေရာယဇ်အဖြစ်အပြစ်အနာကင်း သောသိုးထီး သို့မဟုတ်ဆိတ်ထီးကိုယဇ် ပုရောဟိတ်ထံသို့ယူဆောင်ခဲ့ရမည်။ သိုး သို့မဟုတ်ဆိတ်၏တန်ဖိုးကိုကျပ်ချိန်တော် အရအဖိုးဖြတ်သည့်ငွေကိုပါဆက်သ ရမည်။-
Isaiah 53:10ထာဝရဘုရားက၊ ``ထိုသူသည်ငါ၏အလိုတော်အရဝေဒနာ ခံရခြင်းဖြစ်၏။ သူသည်အပြစ်ဖြေရာယဇ်အဖြစ်ဖြင့်မိမိကိုယ် ကို တင်လှူပူဇော်သည်ဖြစ်၍ မိမိ၏သားမြေးအမြောက်အမြားကိုတွေ့မြင်ခွင့် ရရှိလိမ့်မည်။ သူသည်အသက်ရှည်လိမ့်မည်။ ငါ၏အကြံအစည်တော်အောင်မြင်မှုကိုလည်း အထောက်အကူပြုလိမ့်မည်။