ဝတ်ပြုရာကျမ်း 14:8
ရောဂါပျောက်ကင်းသူသည်မိမိအဝတ် များကိုဖွပ်လျှော်၍ ကိုယ်ပေါ်မှအမွေးရှိ သမျှကိုရိတ်ပြီးလျှင်ရေချိုးရမည်။ ထို အခါသူသည်ဘာသာရေးထုံးနည်းအရ သန့်စင်သဖြင့် စခန်းအတွင်းသို့ပြန်ဝင် နိုင်သည်။ သို့ရာတွင်သူ၏တဲအပြင်၌ ခုနစ်ရက်နေထိုင်ရမည်။-
Common Language Bible
In The King James Version
In Context
Cross References
Exodus 19:10ထာဝရဘုရားကမောရှေအား``လူအပေါင်း တို့အား ထာဝရဘုရားကိုဝတ်ပြုကိုးကွယ် ရန်ပြင်ဆင်သည့်အနေဖြင့် ယနေ့နှင့်နက်ဖြန် နေ့တွင်မိမိတို့ကိုယ်ကိုသန့်စင်စေရန်ပြော လော့။ သူတို့သည်မိမိတို့အဝတ်များကို ဖွပ်လျှော်၍၊-
Leviticus 8:6ထို့နောက်မောရှေသည် ထာဝရဘုရားမိန့်မှာ တော်မူသည်အတိုင်း အာရုန်နှင့်သူ၏သား တို့ကိုရှေ့သို့ထုတ်ဆောင်၍ရေဆေးကြော စေ၏။-
Leviticus 13:6တစ်ဖန်သတ္တမနေ့၌ထိုသူအားထပ်မံစစ်ဆေး ၍ အနာညိုးလျက်မပြန့်ပွားကြောင်းတွေ့ရလျှင် ရိုးရိုးအနာဖြစ်သဖြင့်ဘာသာရေးထုံးနည်း အရသန့်ရှင်းသည်ဟူ၍အဆုံးအဖြတ်ပေးရ မည်။ ထိုသူသည်မိမိအဝတ်များကိုလျှော်ဖွပ် ပြီးနောက် ဘာသာရေးထုံးနည်းအရသန့်ရှင်း စင်ကြယ်လာလိမ့်မည်။-
Leviticus 14:20ဘောဇဉ်ပူဇော်သကာနှင့်တကွ ယဇ်ပလ္လင် ပေါ်တွင်မီးရှို့ပူဇော်ရမည်။ ဤနည်းအား ဖြင့်ယဇ်ပုရောဟိတ်သည်သန့်စင်ခြင်းဝတ် ကိုဆောင်ရွက်ပြီးနောက်ရောဂါပျောက်ကင်း သူသည်သန့်စင်လိမ့်မည်။
Numbers 5:2``ဣသရေလအမျိုးသားတို့တွင် ကိုယ်ရေ ပြားရောဂါစွဲသောသူသို့မဟုတ်ရိနာစွဲ သောသူ၊ လူသေကောင်နှင့်ထိမိသဖြင့်မသန့် စင်သောသူတို့ကို စခန်းအပြင်သို့နှင်ထုတ် ရန်ဆင့်ဆိုလော့။-