ဝတ်ပြုရာကျမ်း 15:8
ရိနာစွဲသောသူသည်ဘာသာတရားထုံး နည်းနှင့်ဆိုင်၍ သန့်စင်သူတစ်ဦးအပေါ်သို့ တံတွေးထွေးမိလျှင် တံတွေးထွေးခံရသူ သည်မိမိအဝတ်ကိုဖွပ်လျှော်၍ရေချိုးရ မည်။ သူသည်ညဦးတိုင်အောင်မသန့်စင်ဘဲ ရှိလိမ့်မည်။-
Common Language Bible
In The King James Version
In Context
9ရိနာစွဲသောသူထိုင်သောကုန်းနှီးသို့ မဟုတ်ထိုင်ခုံသည်မသန့်စင်။-
Cross References
Leviticus 11:24အောက်ဖော်ပြပါတိရစ္ဆာန်တို့၏အသေကောင် များကိုထိကိုင်မိသူသည် ညဦးတိုင်အောင် မသန့်ရှင်းဘဲရှိလိမ့်မည်။ ခွာကွဲ၍စားမြုံ့ ပြန်သောတိရစ္ဆာန်များမှတစ်ပါးအခြားခွာ ရှိတိရစ္ဆာန်အားလုံးနှင့် အုပ်ဖမ်းတတ်သောလက် ရှိသည့်ခြေလေးချောင်းသတ္တဝါအားလုံးတို့ ဖြစ်သည်။ ထိုတိရစ္ဆာန်တို့၏အသေကောင်များ ကိုသယ်ဆောင်သွားသူသည် မိမိ၏အဝတ် များကိုဖွပ်လျှော်ရမည်။ သို့သော်လည်းသူ သည်ညဦးတိုင်အောင်မသန့်ရှင်းဘဲရှိလိမ့် မည်။
Isaiah 1:16သင်တို့၏စိတ်နှလုံးကိုစင်ကြယ်အောင်ပြုကြလော့။ ငါ့ရှေ့တော်တွင်သင်တို့ပြုလျက်ရှိသည့်ဒုစရိုက်တို့ကိုရပ်စဲကြလော့။ ဒုစရိုက်ပြုမှုကိုရပ်စဲကာ၊-
1 Timothy 4:1နောင်ကာလ၌လူအချို့တို့သည်မုသားပြော ဆိုသည့်ဝိညာဉ်များ၏စကားကိုနာခံလျက် နတ်မိစ္ဆာတို့၏သြဝါဒကိုလိုက်နာကာ မိမိ တို့၏ယုံကြည်ခြင်းကိုစွန့်လွှတ်ကြလိမ့်မည် ဟုဝိညာဉ်တော်က အတိအလင်းဖော်ပြ တော်မူ၏။-
James 4:8ဘုရားသခင်ထံတော်သို့ချဉ်းကပ်ကြလော့။ သို့ပြုလျှင်ကိုယ်တော်သည်သင်တို့ထံသို့ ကြွလာတော်မူသည်။ အပြစ်ကူးသူတို့၊ သင်တို့လက်များကိုဆေးကြောကြလော့။ မာနထောင်သူတို့၊ သင်တို့၏စိတ်နှလုံးကို သန့်ရှင်းစင်ကြယ်စေကြလော့။-
Jude 1:4အဘယ်ကြောင့်ဆိုသော်တရားမဲ့သူလူ အချို့တို့သည် သင်တို့အထဲသို့အမှတ် မထင်ဝင်ရောက်လျက်ရှိနေကြသောကြောင့် ပင်ဖြစ်၏။ သူတို့သည်ဘုရားမရှိသူများ ဖြစ်၍ ငါတို့ဘုရားသခင်၏ကျေးဇူးတော် ကိုမိမိတို့၏အပျော်အပါးလိုက်စားမှု များအတွက်အလွဲသုံးစားပြုလုပ်ကြ လျက် ငါတို့၏တစ်ပါးတည်းသောအရှင် သခင်ဖြစ်တော်မူသည့်သခင်ယေရှုခရစ် ကိုပစ်ပယ်ကြလေသည်။ ထိုသူတို့ကား ရှေးမဆွကပင်လျှင် အပြစ်ဒဏ်စီရင်ရန် သတ်မှတ်ထားခြင်းခံရကြသူများ ဖြစ်သတည်း။