ဝတ်ပြုရာကျမ်း 16:15
ထိုနောက်သူသည် လူတို့အပြစ်ဖြေရာပူဇော် သကာဖြစ်သောဆိတ်ကိုသတ်၍ သွေးကိုအလွန် သန့်ရှင်းရာဌာနတော်ထဲသို့ယူခဲ့ရမည်။ နွား ၏သွေးကိုဖျန်းသည့်နည်းတူဆိတ်၏သွေးကို ပဋိညာဉ်သေတ္တာဖုံးပေါ်တွင်လည်းကောင်း၊ သေတ္တာအရှေ့တွင်လည်းကောင်းဖျန်းရ မည်။-
Common Language Bible
In The King James Version
In Context
Cross References
Leviticus 16:2``သင်၏အစ်ကိုအာရုန်သည် ကန့်လန့်ကာ အတွင်းရှိအလွန်သန့်ရှင်းရာဌာနတော် ထဲသို့ သတ်မှတ်သည့်အချိန်၌သာဝင်ရမည် ဖြစ်ကြောင်းပြောကြားလော့။ အဘယ်ကြောင့် ဆိုသော် ငါသည်အလွန်သန့်ရှင်းရာဌာန တော်ရှိ ပဋိညာဉ်သေတ္တာအဖုံးအထက်မိုး တိမ်၌ထင်ရှားတော်မူမည်ဖြစ်သည်။ သူ သည်ဤပညတ်ကိုမနာခံလျှင်သေရ လိမ့်မည်။-
Numbers 17:11ထာဝရဘုရားမိန့်တော်မူသည့်အတိုင်း မောရှေဆောင်ရွက်လေသည်။
Hebrews 2:17ထို့ကြောင့်ကိုယ်တော်သည်လူတို့၏အပြစ်များ ကိုဖြေလွှတ်အံ့သောငှာကရုဏာ၊ သစ္စာနှင့် ပြည့်ဝသည့်ယဇ်ပုရောဟိတ်မင်းအဖြစ်ဖြင့် ဘုရားသခင်၏အမှုတော်ကိုဆောင်ရွက်နိုင် ရန် အရာရာ၌မိမိ၏ညီအစ်ကိုများနှင့် တူညီရပေသည်။-
Hebrews 6:19ထိုမျှော်လင့်ချက်သည်ငါတို့ဘဝအတွက် ချထားသည့်လုံခြုံခိုင်ခန့်သောကျောက်ဆူး အဖြစ် ကောင်းကင်ဗိမာန်တော်ကန့်လန့်ကာ ကိုထိုးဖောက်ကာအလွန်သန့်ရှင်းရာဌာန တော်သို့ဝင်လေသည်။-
Hebrews 9:7သို့ရာတွင်ယဇ်ပုရောဟိတ်မင်းတစ်ပါးတည်း သာလျှင် အတွင်းတဲတော်သို့ဝင်ရပေသည်။ သူ သည်ယင်းသို့ဝင်ရသည်မှာလည်းတစ်နှစ်လျှင် တစ်ကြိမ်သာဖြစ်ပြီးမိမိ၏အတွက်သော် လည်းကောင်း၊ လူတို့မသိဘဲကူးလွန်မိသည့် အပြစ်များအတွက်သော်လည်းကောင်း ပူဇော် ရန်သွေးကိုယူဆောင်၍ဝင်ရလေသည်။-
Hebrews 9:25ယဇ်ပုရောဟိတ်မင်းသည်တိရစ္ဆာန်များ၏ သွေးကို ယူ၍နှစ်စဉ်နှစ်တိုင်းအလွန်သန့်ရှင်းရာဌာန တော်သို့ဝင်လေ့ရှိ၏။ ခရစ်တော်မူကားယင်းသို့ ကြိမ်ဖန်များစွာမိမိကိုယ်ကိုပူဇော်ရန်ဝင် တော်မမူ။-