ဝတ်ပြုရာကျမ်း 17:15
ဣသရေလအမျိုးသားဖြစ်စေ၊ လူမျိုးခြား သားဖြစ်စေ၊ ဋ္ဌမ္မတာအလျောက်သေသော တိရစ္ဆာန်၏အသား သို့မဟုတ်သားရဲကိုက် သတ်၍သေသောတိရစ္ဆာန်၏အသားကိုစား လျှင် မိမိအဝတ်ကိုဖွပ်လျှော်၍ရေချိုးရ မည်။ သူသည်ညဦးတိုင်အောင်စောင့်ဆိုင်း ပြီးမှ ဘာသာရေးထုံးနည်းအရသန့်စင် လာလိမ့်မည်။-
Common Language Bible
In The King James Version
In Context
16ထိုပညတ်ကိုမလိုက်နာသူသည် မိမိ အပြစ်၏ဆိုးကျိုးဆက်ကိုခံရမည်။
Cross References
Exodus 22:30သင်တို့၏သိုး၊ နွားတို့မှသားဦးပေါက်များကို လည်းငါ့အားဆက်ကပ်ရမည်။ သိုးနွားသားဦး ပေါက်များသည်သူတို့၏မိခင်နှင့်အတူခုနစ် ရက်နေစေ၍ အဋ္ဌမနေ့တွင်ထိုသိုးနွားများ ကိုငါ့အားဆက်ကပ်ရမည်။
Leviticus 11:24အောက်ဖော်ပြပါတိရစ္ဆာန်တို့၏အသေကောင် များကိုထိကိုင်မိသူသည် ညဦးတိုင်အောင် မသန့်ရှင်းဘဲရှိလိမ့်မည်။ ခွာကွဲ၍စားမြုံ့ ပြန်သောတိရစ္ဆာန်များမှတစ်ပါးအခြားခွာ ရှိတိရစ္ဆာန်အားလုံးနှင့် အုပ်ဖမ်းတတ်သောလက် ရှိသည့်ခြေလေးချောင်းသတ္တဝါအားလုံးတို့ ဖြစ်သည်။ ထိုတိရစ္ဆာန်တို့၏အသေကောင်များ ကိုသယ်ဆောင်သွားသူသည် မိမိ၏အဝတ် များကိုဖွပ်လျှော်ရမည်။ သို့သော်လည်းသူ သည်ညဦးတိုင်အောင်မသန့်ရှင်းဘဲရှိလိမ့် မည်။
Leviticus 11:31ထိုသတ္တဝါတို့ကိုဖြစ်စေ၊ ၎င်းတို့၏အသေ ကောင်များကိုဖြစ်စေကိုင်တွယ်မိသူသည် ည ဦးတိုင်အောင်မသန့်ရှင်းဘဲရှိလိမ့်မည်။-
Leviticus 11:39စားနိုင်သောတိရစ္ဆာန်သေလျှင်ထိုအသေ ကောင်ကိုကိုင်တွယ်မိသူသည် ညဦးတိုင်အောင် မသန့်ရှင်းချေ။-
Leviticus 15:5တစ်စုံတစ်ယောက်သောသူသည် ထိုသူ အိပ်သောအိပ်ရာကိုထိမိလျှင်၊-