ဝတ်ပြုရာကျမ်း 19:13
``မိမိထက်အားနည်းသူကိုအနိုင်မကျင့်ရ။ သူ့ဥစ္စာကိုလည်းမလုယူရ။ သူငှားအတွက် ပေးစရာအခကြေးငွေကိုနေ့ချင်းပေးရ မည်။ နောက်တစ်နေ့တိုင်အောင်မဆိုင်းထား ရ။-
Common Language Bible
In The King James Version
In Context
Cross References
Exodus 22:8ခိုးသူကိုမမိလျှင်မူကား၊ ပစ္စည်းအပ်နှံခြင်း ခံရသူသည် ကိုယ်တိုင်ပစ္စည်းကိုခိုးသည်၊ မခိုး သည်သိနိုင်ရန်သူ့ကိုထာဝရဘုရား၏ရှေ့ တော်သို့ခေါ်ဆောင်၍ကျိန်ဆိုစေရမည်။
Exodus 22:15သို့ရာတွင်ပိုင်ရှင်ရှေ့၌ဒဏ်ရာရသေဆုံးခဲ့ သော်ငှားသူကမလျော်ရ။ အကယ်၍တိရစ္ဆာန် ကိုအခနှင့်ငှားလျှင်၊ ဒဏ်ရာရသေဆုံးမှု အတွက်ပိုင်ရှင်အားလျော်ရန်မလို။ ငှားခ ကိုသာပေးစေရမည်။
Exodus 22:24ငါသည်အမျက်ထွက်သဖြင့်သင်တို့ကိုစစ်ပွဲ တွင်ကျဆုံးစေမည်။ ထိုအခါသင်တို့၏မယား တို့သည်မုဆိုးမဖြစ်၍သင်တို့၏သားသမီး များသည်ဘသက်ဆိုးဖြစ်ကြလိမ့်မည်။
Leviticus 25:14သို့မှသာသင်သည်အမျိုးသားချင်းနှင့် အရောင်းအဝယ်ပြုလုပ်သည့်အခါ ထိုက် တန်သောတန်ဖိုးကိုဖြတ်ရမည်။-
Deuteronomy 24:14``သင်တို့၏မြို့တွင်နေထိုင်သောဆင်းရဲနွမ်း ပါးသည့် ဣသရေလအမျိုးသားအစေခံ ကိုသော်လည်းကောင်း၊ လူမျိုးခြားသား အစေခံကိုသော်လည်းကောင်းမလိမ်လည် မလှည့်ဖြားနှင့်။-
Job 7:2ကျွန်ခံရသောသူသည် မိုဃ်းချုပ်သောအချိန်ကို တောင့်တ၍၊ အငှါးခံသောသူသည် အခရမည့်အချိန်ကို မြော်လင့်သကဲ့သို့၊