ဝတ်ပြုရာကျမ်း 2:14
သင်တို့သည်အဦးဆုံးရိတ်သိမ်းသော ကောက်ပဲသီးနှံကို ထာဝရဘုရားအား ပူဇော်သောအခါဆန်လှော်သို့မဟုတ် ဆန်မှုန့်ကိုပူဇော်ရမည်။-
Common Language Bible
In The King James Version
In Context
15၎င်းတွင်သံလွင်ဆီနှင့်အမွှေးနံ့သာထည့်ရမည်။-
Cross References
Genesis 4:3အချိန်အတန်ကြာသောအခါကာဣန သည် အသီးအနှံများကိုထာဝရဘုရား အားပူဇော်ရန်ယူဆောင်ခဲ့၏။-
Leviticus 23:14ဘုရားသခင်အားဦးစွာမဆက်သဘဲ ကောက်သစ်ကိုအစိမ်းဖြစ်စေ၊ ကျော်၍ဖြစ်စေ၊ မုန့်လုပ်၍ဖြစ်စေမစားရ။ သင်တို့၏အမျိုး အစဉ်အဆက်သည်ပညတ်ကိုထာဝစဉ် စောင့်ထိန်းရမည်။
2 Kings 4:42အခြားအခါတစ်ပါး၌လည်းလူတစ်ယောက်သည် ထိုနှစ်ပေါ်မုယောကောက်ဦးနှင့်လုပ်သောမုန့်အလုံး နှစ်ဆယ်ကိုဧလိရှဲအတွက် ဗာလရှလိရှမြို့မှ ယူဆောင်လာ၏။ ဧလိရှဲသည်ပရောဖက်တို့ကို ထိုအစားအစာဖြင့်ဧည့်ခံရန်မိမိ၏အစေခံ အားပြော၏။-
Isaiah 53:2ထာဝရဘုရားသည်မိမိ၏အစေခံအား သွေ့ခြောက်သည့်မြေတွင်အမြစ်စွဲသည့် အပင်ငယ်ကဲ့သို့ရှင်သန်စေရန်အလိုတော် ရှိပါ၏။ ထိုသူ၌ပမာဏပြုလောက်သည့်ဂုဏ်အသရေနှင့် အဆင်းသဏ္ဌာန်လည်းမရှိ။ ချစ်ခင်နှစ်လိုဖွယ်ကောင်းသည့်ရုပ်ရည်လည်းမရှိ။ မိမိဘက်သို့ပါအောင်ဆွဲဆောင်နိုင်စွမ်းလည်းမရှိ။