The Bible Software
bible.software › ဝတ်ပြုရာကျမ်း › ဝတ်ပြုရာကျမ်း 20 › ဝတ်ပြုရာကျမ်း 20:26

ဝတ်ပြုရာကျမ်း 20:26

ငါ​သည်​ထာ​ဝရ​ဘု​ရား​ဖြစ်​၍​သန့်​ရှင်း​သော​ကြောင့် သင်​တို့​သည်​သန့်​ရှင်း​ရ​ကြ​မည်။ သင်​တို့​အား​ငါ​ရွေး​ချယ်​သ​ဖြင့်​ငါ​ပိုင်​၏။ ငါ​သာ​လျှင်​သင်​တို့​ကို​ပိုင်​ရန်​အ​တွက် သင်​တို့​အား​လူ​မျိုး​တ​ကာ​မှ​ငါ​သီး​သန့်​ရွေး​ချယ်​တော်​မူ​ပြီ။

Common Language Bible

In The King James Version

And ye shall be holy unto me: for I the LORD am holy, and have severed you from other people, that ye should be mine.

In Context

25သို့​ဖြစ်​၍​သင်​တို့​သည်​စား​နိုင်​သော​တိ​ရစ္ဆာန်​နှင့်​ငှက်၊ မ​စား​နိုင်​သော​တိ​ရစ္ဆာန်​နှင့်​ငှက်​တို့​ကို​သေ​ချာ​စွာ​ခွဲ​ခြား​သတ်​မှတ်​ရ​မည်။ မ​သန့်​သော​တိ​ရစ္ဆာန်​နှင့်​ငှက်​တို့​ကို​မ​စား​ရ။ ငါ​သည်​ယင်း​တို့​ကို​မ​သန့်​ဟု​သတ်​မှတ်​ထား​သ​ဖြင့်​ထို​သတ္တ​ဝါ​တို့​၏​အ​သား​ကို​စား​လျှင်​သင်​တို့​သည်​ညစ်​ညမ်း​လိမ့်​မည်။-

27``သေ​လွန်​သူ​တို့​၏​ဝိ​ညာဉ်​များ​နှင့်​တိုင်​ပင်​သော​အ​မျိုး​သား​ဖြစ်​စေ၊ အ​မျိုး​သ​မီး​ဖြစ်​စေ​ကျောက်​ခဲ​နှင့်​ပစ်​သတ်​ရ​မည်။ သူ​သည်​သေ​ထိုက်​သော​အပြစ်​ကို​ကူး​လွန်​၏'' ဟု​မိန့်​တော်​မူ​၏။

Read all of ဝတ်ပြုရာကျမ်း 20

Cross References

Leviticus 20:8ငါ​၏​ပညတ်​များ​ကို​စောင့်​ထိန်း​ကြ​လော့။ ငါ​သည်​သင်​တို့​အား​သန့်​ရှင်း​စေ​သော​ထာ​ဝ​ရ​ဘု​ရား​ဖြစ်​၏။''

Deuteronomy 7:6သင်​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​သည် သင်​တို့​ကို​ပိုင်​သော​ကြောင့်​ထို​သို့​ဆောင်​ရွက်​ရ မည်။ ကမ္ဘာ​ပေါ်​တွင်​ရှိ​သ​မျှ​သော​လူ​မျိုး​တို့ အ​နက် သင်​တို့​ကို​မိ​မိ​၏​အ​ထူး​လူ​မျိုး တော်​အ​ဖြစ်​ထာ​ဝ​ရ​ဘု​ရား​ရွေး​ချယ်​တော် မူ​၏။''

Deuteronomy 26:18ထာ​ဝ​ရ​ဘု​ရား​သည် က​တိ​တော်​အ​တိုင်း သင်​တို့​အား​ကိုယ်​တော်​၏​လူ​မျိုး​တော်​အ​ဖြစ် ယ​နေ့​လက်​ခံ​တော်​မူ​ပြီ။ သင်​တို့​သည်​ပ​ညတ် တော်​ရှိ​သ​မျှ​တို့​ကို​လိုက်​နာ​ရန်​မိန့်​မှာ တော်​မူ​၏။-

Psalms 99:5ငါ​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​အား ထော​မ​နာ​ပြု​ကြ​လော့။ ကိုယ်​တော်​၏​ရာ​ဇ​ပလ္လင်​တော်​ရှေ့​၌ ပျပ်​ဝပ်​ကိုး​ကွယ်​ကြ​လော့။ ကိုယ်​တော်​သည်​သန့်​ရှင်း​မြင့်​မြတ်​တော် မူ​၏။

Isaiah 6:3သူ​တို့​သည် ``အနန္တ​တန်​ခိုး​ရှင်​ထာ​ဝ​ရ​ဘု​ရား​သည်​သန့်​ရှင်း​မြင့်​မြတ်​တော်​မူ​၏။ သန့်​ရှင်း​မြင့်​မြတ်​တော်​မူ​၏။ သန့်​ရှင်း​မြင့်​မြတ်​တော်​မူ​၏။ ကမ္ဘာ​မြေ​ကြီး​သည်​ကိုယ်​တော်​၏​ဘုန်း​အ​သ​ရေ​တော်​ဖြင့်​ပြည့်​လျက်​ရှိ​ပါ​၏။'' ဟု​အ​ချင်း​ချင်း​ကြွေး​ကြော်​၍​နေ​ကြ​၏။

This Verse In Other Editions

King James VersionBíblia Portuguesa MundialLuther Bibel (Deutsch)Bible Louis Segond (Français)Библия (Русский)新标点和合本성경 (한국어)الكتاب المقدس باللغة العربية، فان دايكBibbia Diodati (Italiano)Kinh Thánh (Tiếng Việt)Biblia Cornilescu (Română)Polish Biblia Gdanska (1881)Statenvertaling (Nederlands)

Study ဝတ်ပြုရာကျမ်း 20:26

Matthew HenryJamieson-Fausset-BrownAdam ClarkeJohn WesleyJohn CalvinKeil and DelitzschScofieldFamily Bible NotesGeneva Bible Notes (1599)
← ဝတ်ပြုရာကျမ်း 20:25ဝတ်ပြုရာကျမ်း 20ဝတ်ပြုရာကျမ်း 20:27 →