ဝတ်ပြုရာကျမ်း 21:1
ထာဝရဘုရားသည် မောရှေမှတစ်ဆင့် အာရုန်မှဆင်းသက်သောယဇ်ပုရောဟိတ် တို့အားအောက်ပါအတိုင်းမိန့်တော်မူသည်။ ယဇ်ပုရောဟိတ်သည်မိမိ၏အမိအဖ၊ သား သမီး၊ ညီအစ်ကို၊ မိမိနှင့်အတူနေထိုင် သောအိမ်ထောင်မကျသေးသည့်ညီအစ်မ စသည်တို့မှလွဲ၍အခြားဆွေမျိုးသား ချင်းတို့၏အသုဘကိစ္စများ၌ပါဝင် ဆောင်ရွက်ခြင်းအားဖြင့်ဘာသာရေး ထုံးနည်းအရမိမိကိုယ်ကိုမညစ် ညမ်းစေရ။-
Common Language Bible
In The King James Version
In Context
Cross References
Leviticus 10:6ထိုနောက်မောရှေကအာရုန်နှင့်သူ၏သား များဖြစ်ကြသော ဧလာဇာနှင့်ဣသမာတို့ အား``သင်တို့သည်သေဆုံးသူများအတွက် ဝမ်းနည်းကြေကွဲခြင်းကိုပြရန် ဆံပင်ကို မဖြီးဘဲမနေကြနှင့်။ အဝတ်အင်္ကျီများ ကိုလည်းမဆုတ်ဖြဲကြနှင့်။ ထိုသို့ပြုလျှင် သင်တို့၏အသက်ဆုံးရလိမ့်မည်။ ထာဝရ ဘုရားသည်လည်း ဣသရေလအမျိုးသား အပေါင်းတို့အားအမျက်တော်ထွက်လိမ့်မည်။ သို့သော်သင်တို့၏သွေးချင်းဖြစ်သော ဣသရေလအမျိုးသားအပေါင်းတို့မူ ကား ထာဝရဘုရားထံတော်မှလောင်မီး ကျ၍ သေဆုံးသူတို့အတွက်ဝမ်းနည်း ကြေကွဲကြောင်းပြနိုင်သည်။-
Leviticus 21:11သူသည်ငါ့အတွက်သီးသန့်ဆက်ကပ်ထား သူဖြစ်၍ ဘာသာရေးထုံးနည်းအရမိမိ ကိုယ်ကိုမညစ်ညမ်းစေရ။ ငါ၏တဲတော်မှ ထွက်၍မည်သည့်အသုဘအိမ်သို့မျှမ သွားရ။ မိရင်းဘရင်းသေဆုံးသည့်အိမ်သို့ ပင်မသွားရ။ ဤသို့လျှင်ငါ၏တဲတော်မှ ထွက်၍အသုဘအိမ်သို့သွားခြင်းအား ဖြင့်ငါ၏တဲတော်ကိုမညစ်ညမ်းစေရ။-
Numbers 19:14တဲထဲတွင်လူတစ်ယောက်ယောက်သေဆုံးခဲ့ လျှင် ထိုအချိန်တွင်တဲတွင်း၌ရှိသောသူ နှင့်တဲထဲသို့ဝင်လာသောသူသည် ဘာသာ ရေးထုံးနည်းအရခုနစ်ရက်တိုင်အောင် မသန့်စင်ဘဲရှိလိမ့်မည်။-
Ezekiel 44:25``ယဇ်ပုရောဟိတ်သည်လူသေအလောင်း ကိုတို့ထိခြင်းအားဖြင့် မိမိကိုယ်ကိုဘာသာ ရေးအရညစ်ညမ်းအောင်မပြုရ။ သို့ရာတွင် သူသည်မိမိ၏မိဘ၊ သားသမီး၊ ညီအစ်ကို၊ လင်မရှိသောနှမ၊ အစ်မတို့၏အလောင်း ကိုမူတို့ထိနိုင်လေသည်။-
Malachi 2:1အနန္တတန်ခိုးရှင်ထာဝရဘုရားက ယဇ် ပုရောဟိတ်တို့အား``ဤပညတ်သည်သင်တို့ အတွက်ဖြစ်၏။ သင်တို့သည်အကျင့်အကြံ အပြုအမူအားဖြင့် ငါ၏ဂုဏ်တော်ကိုချီး ကူးရကြမည်။ အကယ်၍ငါ့စကားကို သင်တို့နားမထောင်ပါမူ ငါသည်သင်တို့ အားကျိန်စာသင့်စေမည်။ သင်တို့မှီခို အားထားရာများကိုလည်းကျိန်စာသင့် စေမည်။ အမှန်စင်စစ်ထိုအရာတို့သည် ယခုပင်ကျိန်စာသင့်ကြလေပြီ။ အဘယ် ကြောင့်ဆိုသော်သင်တို့သည်ငါ၏ပညတ် ကိုလေးလေးစားစားမခံမယူကြသည့် အတွက်ဖြစ်၏။-