ဝတ်ပြုရာကျမ်း 21:9
ယဇ်ပုရောဟိတ်၏သမီးသည်ပြည့်တန်ဆာ အလုပ်ကိုလုပ်လျှင် မိမိအဘ၏အသရေ ကိုရှုတ်ချသောကြောင့်သူ့ကိုမီးရှို့သတ်ရ မည်။
Common Language Bible
In The King James Version
In Context
Cross References
Genesis 38:24သုံးလခန့်ကြာလေသော်တစ်စုံတစ်ယောက်က ယုဒအား``သင်၏ချွေးမတာမာသည်ယောကျာ်း တစ်ဦးဦးနှင့်ဖောက်ပြန်သဖြင့် ယခုကိုယ်ဝန် ဆောင်လျက်ရှိလေပြီ'' ဟုပြောလေ၏။ ယုဒက``သူ့ကိုအပြင်သို့ထုတ်၍မီးရှို့ သတ်စေ'' ဟုစီရင်လေ၏။
Leviticus 20:14တစ်စုံတစ်ယောက်သည်သမီးနှင့်သူ၏မိခင်ကိုမယားအဖြစ်သိမ်းပိုက်လျှင် ရှက်ဖွယ်သောအမှုကိုပြုလုပ်ခြင်းဖြစ်သောကြောင့် သူတို့သုံးဦးစလုံးကိုမီးရှို့၍သတ်ရမည်။ သင်တို့တွင်ထိုကဲ့သို့ရှက်ဖွယ်သောအမှုမျိုးမရှိစေရ။-
Joshua 7:25ယောရှုကအာခန်အား``သင်သည်အဘယ် ကြောင့်ငါတို့အားဒုက္ခရောက်စေသနည်း။ ယခုထာဝရဘုရားသည်သင့်အားဒုက္ခ ရောက်စေတော်မူမည်'' ဟုဆိုလေ၏။ ထိုနောက် ဣသရေလအမျိုးသားအပေါင်းတို့သည် အာခန်ကိုကျောက်ခဲဖြင့်ပစ်၍သတ်ကြ၏။ သူ၏မိသားစုကိုလည်းကျောက်ခဲဖြင့်ပစ် ၍သတ်ပြီးလျှင် သူ၏ပစ္စည်းများနှင့်အတူ မီးရှို့လိုက်ကြ၏။-
1 Samuel 2:34သင်၏သားများဖြစ်ကြသောဟောဖနိနှင့် ဖိနဟတ်တို့သည်တစ်နေ့တည်း၌သေရကြ သောအခါ ငါပြောသမျှသောအမှုအရာ တို့သည်ဖြစ်ပျက်လာလိမ့်မည်ဖြစ်ကြောင်း သင်သိရှိရလိမ့်မည်။-
Isaiah 33:14အပြစ်ကူးလွန်သည့်ဇိအုန်မြို့သူမြို့သား တို့သည်ကြောက်ရွံ့တုန်လှုပ်၍နေကြ၏။ သူ တို့က``ဘုရားသခင်၏တရားစီရင်တော် မူချက်သည် ထာဝစဉ်တောက်လောင်နေသော မီးနှင့်တူ၏။ ဤသို့သောမီးမှငါတို့လွတ် မြောက်၍အသက်မသေဘဲကျန်ရှိနိုင်ကြ ပါမည်လော'' ဟုဆိုကြ၏။-
Malachi 2:3ငါသည်သင်တို့၏သားမြေးများအား အပြစ်ဒဏ်ခတ်မည်။ သင်တို့၏မျက်နှာကို သင်တို့ပူဇော်သည့်တိရစ္ဆာန်ချေးဖြင့်သုတ် လိမ်း၍ သင်တို့အားထိုယဇ်ကောင်များနှင့် အတူပစ်ထုတ်လိုက်မည်။-