ဝတ်ပြုရာကျမ်း 22:6
ထိုသို့သောယဇ်ပုရောဟိတ်သည်ညဦးတိုင် အောင်မသန့်စင်ချေ။ သူသည်ရေချိုးပြီးမှ ငါ့အားဆက်ကပ်သောပူဇော်သကာကို စားနိုင်သည်။-
Common Language Bible
In The King James Version
In Context
7နေဝင်ပြီးလျှင်သူသည်သန့်စင်လာသဖြင့် သူ၏စားစရာဖြစ်သောပူဇော်သကာ ကိုစားနိုင်သည်။-
Cross References
Leviticus 11:32သစ်သား၊ အဝတ်၊ သားရေ၊ လျှော်တေစသည် တို့ဖြင့်ပြုလုပ်သောမည်သည့်အသုံးအဆောင် များပေါ်သို့မဆို ထိုသတ္တဝါတို့၏အသေ ကောင်များကျခဲ့သော် ယင်းအသုံးအဆောင် သည်မသန့်ရှင်းဟုမှတ်ယူရမည်။ ယင်းကဲ့ သို့ညစ်ညမ်းသွားသောအသုံးအဆောင်ကို ရေထဲ၌နှစ်ရမည်။ သို့ရာတွင်ထိုအသုံး အဆောင်သည် ညဦးတိုင်အောင်မသန့်ရှင်း ဘဲရှိလိမ့်မည်။-
Leviticus 11:40ထိုအသေကောင်၏အသားကိုစားသူသည် မိမိအဝတ်ကိုဖွပ်လျှော်ရမည်။ သူသည်ည ဦးတိုင်အောင်မသန့်ရှင်းဘဲရှိလိမ့်မည်။ ထို အသေကောင်ကိုသယ်ဆောင်မိသူသည် မိမိ အဝတ်ကိုဖွပ်လျှော်ရမည်။ သို့သော်သူသည် ညဦးတိုင်အောင်မသန့်ရှင်းဘဲရှိလိမ့်မည်။
Leviticus 16:24သူသည်သီးသန့်နေရာတွင်ရေချိုးပြီးနောက် မိမိ၏အဝတ်အင်္ကျီများကိုဝတ်ဆင်ရမည်။ ထို့နောက်သူသည်ယဇ်ပလ္လင်သို့ထွက်သွား၍ မိမိ၏အပြစ်နှင့်ဣသရေလအမျိုးသား တို့၏အပြစ်များအတွက် မီးရှို့ရာယဇ်ကို ပူဇော်ရမည်။-
Haggai 2:13ထိုအခါဟ္ဂဲကလူတစ်ဦးတစ်ယောက် သည် လူသေကောင်နှင့်ထိမိသဖြင့်ညစ်ညမ်း ၍သွားသည်ဆိုငြားအံ့။ ထို့နောက်အကယ် ၍သူသည်အထက်ဖော်ပြပါအစားအစာ များကိုထိမိခဲ့သော် ထိုအရာတို့သည် လည်းညစ်ညမ်း၍သွားပါမည်လောဟု မေးလျှင်၊ ယဇ်ပုရောဟိတ်တို့က``ထိုအရာတို့သည် ညစ်ညမ်း၍သွားပါမည်'' ဟုဆိုကြ၏။